ဘဂ္ဂဒက်မြို့ရှိ လူစည်ကားရာစျေး အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် ၂၇ ဦးထက်မနည်း သေဆုံး

ဘဂ္ဂဒက်မြို့ရှိ လူစည်ကားရာစျေး အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် ၂၇ ဦးထက်မနည်း သေဆုံး

ဒီဇင်ဘာ  ၃၁ ။              ။ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အလယ်ပိုင်းရှိ လူစည်ကားရာစျေးတစ်ခုတွင် ဒီဇင်ဘာ ၃၁ ရက်က အသေခံဖောက်ခွဲရေးသမား နှစ်ဦးက ၀င်ရောက်ဖောက်ခွဲတိုက်ခိုက်သွားခဲ့ရာ အနည်းဆုံး ၂၇ ဦးထိသေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောသည်။

မြို့တွင်း၌ New Year အတွက် အကြိုပြင်ဆင်မှုများ ပြုလုပ်နေချိန် လူထူထပ်ရာနေရာကို ပစ်မှတ်ထားတိုက်ခိုက်သွားခြင်းလည်း ဖြစ်သည်။

ယင်း အသေခံဗုံးခွဲမှုတို့ကြောင့် ၂၇ ဦးသေဆုံးပြီး ၅၃ ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ရဲများက ပြောသည်။ ယခုသေဆုံးသွားသူစာရင်းနှင့်ပတ်သက်၍လည်း အီရတ်ပြည်ထဲရေးဝန်ကြီးဌာနမှ  အရာရှိတစ်ဦးက အတည်ပြုပေးသွားခဲ့သည်။

" သေသွားတဲ့သူအများစုက ဒီစျေးက ကားအပိုပစ္စည်းဆိုင်များမှ ဖြစ်တယ်လို့ သိရပါတယ်" ဟု စျေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ အီဘရာဟင် မိုဟာမက်အလီက ပြောသည်။

ယခု အသေခံဗုံးခွဲတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင့် မည်သည့်အဖွဲ့အစည်းကမှ ထုတ်ဖော်ပြောကြားသေးခြင်းတော့ မရှိသေးသော်လည်း အိုင်အက်စ်စစ်သွေးကြွအုပ်စုက ယင်းကဲ့သို့သော တိုက်ခိုက်မှုများကို ယခင်က မကြာခဏဆိုသလို ပြုလုပ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly