ဒီဇင်ဘာ ၂၈ ။ ။ သြစတြေးလျနိုင်ငံ၏ ကုန်းခေါင်ရေဝေးအရပ်တွင် စံချိန်တင်မိုးရွာသွန်းမှုကြောင့် ပျောက်ဆုံးသွားခဲ့သော လူ၆ဦးကို ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း သိရပါသည်။
မြောက်ပိုင်းနယ်မြေဒေသခံရဲများဟာ မိုးလေဝသပညာရှင်များပြောကြားသော ရာစုနှစ်တစ်ခုအတွင်းနှစ်ကြိမ်ဖြစ် လေ့ရှိသည့် မိုးလေဝသဖြစ်စဉ်အတွင်း ပျောက်ဆုံးသွားသောလူအုပ်စုအတွက် အလေးအနက်ကိုစိုးရိမ်နေခဲ့ကြ ပါသည်။
ထိုပျောက်ဆုံးသွားသောလူ၆ဦးထဲမှ ၄ယောက်ကိုပြီးခဲ့သောအင်္ဂါနေ့တုန်းကရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့ပြီး ကျန်ရှိနေသောလူ ၂ ယောက်ကိုတော့ ဗုဒ္ဓဟူးနေ့တွင်ပြန်လည်တွေ့ရှိခဲ့ပါသည်။
ခရစ္စမတ်မုန်တိုင်းကြောင့်ရွာသွန်းခဲ့တဲ့မိုးဟာ ခြောက်သွေ့ဒေသတွေကိုရွှဲရွှဲစိုစေပြီး ရုတ်တရက်ရေလွှမ်းမိုးခြင်း နှင့်မြေသားများအားရွှံမြေအဖြစ်ပြောင်းလဲစေခြင်းကို ဖြစ်ပွားစေပါသည်။
မြောက်ပိုင်းနယ်မြေဒေသရဲ့ အမျိုးသားဥယျာဉ်ထဲမှ ဒေသခံတိုင်းရင်းသားလူမျိုးများအထဋ်အမြတ်ထားသော Ayers Rock တစ်ဖြစ်လဲလူသိများတဲ့ Uluru တောင်ကုန်းကြီးပေါ်မှာကြီးမားတဲ့ရေတံခွန်များဖြစ်ပေါ်စေတဲ့ ယခု လိုအဖြစ်မျိုးဟာ အလွန်ကိုကြံုတောင့်ကြံုခဲဖြစ်တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်လို့ အစိုးရမိုးလေဝသဌာန(BOM) က ပြောကြားခဲ့ပါသည်။
ပျောက်ဆုံးသွားသောလူ၆ဦးဟာ ကားနှစ်စီးဖြင့်ခရီးထွက်ခဲ့တာဖြစ်ပြီး မြောက်ပိုင်းနယ်မြေဒေသထဲမှခေါင်ခိုက် တဲ့နေရာဒေသကိုသွားတဲ့လမ်းမှာ သောင်တင်နေခဲ့တာဖြစ်ပါသည်။