စစ်ရေးလေ့ကျင့်ရန် တရုတ်၏ တစ်စီးတည်းသော လေယာဉ်တင်သင်္ဘောကြီး အနောက်ပစိဖိတ်သို့ ဦးတည်ထွက်ခွာ

စစ်ရေးလေ့ကျင့်ရန် တရုတ်၏ တစ်စီးတည်းသော လေယာဉ်တင်သင်္ဘောကြီး အနောက်ပစိဖိတ်သို့ ဦးတည်ထွက်ခွာ

ဒီဇင်ဘာ ၂၆ ။           ။ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရန်အတွက် နိုင်ငံ၏ ပထမဆုံးနှင့် တစ်စီးတည်းသော လေယာဉ်တင်သင်္ဘောကြီးသည် ယခုအခါ အနောက်ပစိဖိတ်ဒေသသို့ ဦးတည်ခုတ်မောင်းသွားခဲ့ပြီဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယခု ပင်လယ်ပြင်ခရီးစဉ်မှာ လေယာဉ်တင်သင်္ဘောကြီး Liaoning  အတွက် ပထမဆုံးအကြိမ်ဖြစ်ကြောင်းနှင့် ဝေးလံသည့်ရေပြင်ဧရိယာဆီသို့ ဦးတည်ခုတ်မောင်းသွားခဲ့ခြင်းလည်း ဖြစ်သည်ဟု သိရသည်။

အနောက်ပစိဖိတ်ဒေသတွင် တရုတ်မှ နယူးဇီလန်အထိ ကျယ်ပြန့်ပြီး ပစိဖိတ်၊ အာရှဒေသမှ နိုင်ငံများကို လွှမ်းခြံုထားသည်။

နှစ်ပတ်လည် လေ့ကျင့်ရေးအစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် သင်္ဘောကြီး Liaoning မှာ ဒီဇင်ဘာ ၂၄ ရက်က ဝေးလံသည့် ရေပြင်ဒေသဆီ ဦးတည်ခုတ်မောင်းသွားခြင်းဖြစ်ကြောင်းလည်း သိရသည်။

သင်္ဘောငါးစီး ခြံရံကာ Liaoning လေယာဉ်တင်သင်္ဘောကြီးမှာ  ထိုင်ဝမ်တောင်ဘက် ရေမိုင် ၉၀ အကွာမှ ဖြတ်သန်းသွားသည်တွေ့ရှိခဲ့ရကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly