Camila Cabello ဟာ သူတို့ရဲ့အဖွဲ့ထဲမှထွက်ခွာသွားပြီဖြစ်ကြောင်းကို Fifth Harmony အဖွဲ့မှကြေညာခဲ့ပါ သည်။ Fifth Harmony အဖွဲ့ဟာ လူမှုမီဒီယာမှာ “ကျမတို့လေးနှစ်ခွဲကျော်လောက် အတူတကွ ရှိနေခဲ့ပြီးနောက် မှာတော့ Camila ဟာ Fifth Harmony အဖွဲ့ထဲမှ နှုတ်ထွက်တော့မည့် အကြောင်းကိုသူမရဲ့ ကိုယ်စားလှယ်မှ တစ်ဆင့် ကျမတို့ကို အသိပေးခဲ့ပါတယ်။
ကျမတို့ သူ့အတွက် ဆုတောင်းပေးပါတယ်” လို့ ပရိတ်သတ်များအား ပြောကြားခဲ့ပါသည်။
အဆိုပါ သတင်းစကားတွင် ကျန်ရှိနေသည့် အဖွဲ့ဝင်များဖြစ်သည့် Ally Brooke၊ Normani Kordei ၊ Dinah Jane နဲ့ Lauren Jauregui တို့ဟာ အဖွဲ့ထဲမှာ ဆက်လက်ရှိသွားမည်ဖြစ်ကြောင်း ပြောခဲ့ပါသည်။
“ကျမတို့ဟာ ကြံ့ုခိုင်တဲ့အမျိုးသမီးလေးယောက်ဖြစ်ပါတယ်။ ကျမတို့ရဲ့အနာဂတ်အတွက်ကိုလည်းပျော်ရွှင် စိတ်လှုပ်ရှားနေပြီး လာမည့်နှစ်သစ်ကူးအတွက်ကိုလည်း မစောင့်နိုင်လောက်အောင်ကို ဖြစ်မိပါတယ်”လို့ပြော ခဲ့ပါသည်။
ဒါ့အပြင်ကျန်ရှိနေသည့်အဖွဲ့ဝင်လေးယောက်ဟာ Fifth Harmony အဖွဲ့ရဲ့အဖွဲ့ဝင်တွေအဖြစ်ဆက်ရှိသွားမှာ ဖြစ်သလို သူတို့ရဲ့တစ်ကိုယ်တော်အားထုတ်မှုတွေအတွက်လည်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါ သည်။ ၂၀၁၂ခုနှစ် အမေရိကန် X Factor ပြိုင်ပွဲတုန်းကစတင်တည်ထောင်ခဲ့တဲ့ Fifth Harmony အဖွဲ့ဟာ သူတို့ရဲ့ပရိတ်သတ်တွေကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းပြောခဲ့ပါသည်။