ရဲဝန်ထမ်းများကို ဆုကြေးငွေ ဒေါ်လာ ၁,၀၀၀ နှင့် ၈,၀၀၀ ကြား ဒူတာတေး ပေးမည်

ရဲဝန်ထမ်းများကို ဆုကြေးငွေ ဒေါ်လာ ၁,၀၀၀ နှင့် ၈,၀၀၀ ကြား ဒူတာတေး ပေးမည်
(ဓာတ်ပုံ - အေအက်ဖ်ပီ)

ဖိလစ်ပိုင် သမ္ပတက ၎င်းရဲ့ ရွေးကောက်ပွဲ  ဂတိကဝတ်ဖြစ်တဲ့ နိုင်ငံရဲ့ မူးယစ်ဆေးဝါး ကင်းစင်ရေးအတွက် တာဝန် ထမ်းဆောင်ခဲ့တဲ့ ရဲဝန်ထမ်းများကို ဆုကြေးငွေ ဒေါ်လာ ၁,၀၀၀ နှင့် ၈,၀၀၀ ကြား ပေးဖို့ ဆုံးဖြတ်လိုက်ကြောင်း ရဲချုပ် ရော်နယ်ဒီလာ ရိုဆာက တနင်္လာနေ့က ကြေညာခဲ့ပါတယ်။

မကြုံစဖူး လုပ်ဆောင်ချက်တစ်ခု ဆုံးဖြတ်မှုလို့ ရော်နယ်ဒီလာက ခေါ်ဆိုလိုက်ပြီး ဒူတာတေးထံမှ ရဲများကို ဦးတည်ပြီး အလေးအမြတ် အသိအမှတ်ပြုတဲ့ အမူအရာတစ်ခုဖြစ်တယ်လို့ မနီလာ ရဲတပ်ဖွဲ့ဌာနချုပ်မှာ ပြောဆိုသွားတာဖြစ်ပါတယ်။

ဆုကြေးငွေကို ရဲတပ်ဖွဲ့ ဝန်ထမ်းများအလုံး ပေးသွားမှာ မဟုတ်ပဲ ရာထူးနှင့် အလုပ်အတိုင်းအတာပေါ်မူတည်ပြီး ငွေပမာဏကို ပေးအပ်မှာဖြစ်တယ်လို့ ဒီလာ ရိုဆာအရ သိရပါတယ်။

၆ နှစ် သမ္မတသက်တမ်းအဖြစ် ဒူတာတေးဟာ ဇွန်လ ၃၀ ရက်မှာ အာဏာရလာပြီးနောက်ပိုင်း ၎င်းရဲ့ အမျိုးသား မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လှုံ့ဆော်မှုအတွင်း ဖိလစ်ပိုင်မှာ လူ ၆,၀၀၀ နီးပါး သေဆုံးခဲ့ကြပြီးဖြစ်ပါတယ်။

လူအခွင့်အရေးအဖွဲ့များ၊ ကုလသမဂ္ဂနှင့် ဥရောပသမဂ္ဂများက မူးယစ်ဆေး ဆန့်ကျင်လှုပ်ရှားမှုအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကြိမ်ကြိမ် ဝေဖန်ခဲ့ကြပါတယ်။

ဝေဖန်မှုများရှိနေပေမယ့်လည်း နိုင်ငံအတွင်း စိိတ်ကျေနပ်အားရမှု အဆင့်သတ်မှတ်ချက်ရဲ့ ၆၃ ရာခိုင်နှုန်းကို ဒူတာတေးက ရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ အပတ်က ဖိလစ်ပိုင်ရှိ Social Weather Stations က ထုတ်ပြန်တဲ့ စစ်တမ်းအရ သိရပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly