ဟောလိ၀ုဒ်ဂန္တဝင် မင်းသမီးကြီး Zsa Zsa Gabor ဟာ နှလုံးရောဂါဝေဒနာကြောင့် အသက်၉၉နှစ်အရွယ်၌ ကွယ်လွန်သွားကြောင်း သူမ၏ ခင်ပွန်းဖြစ်သူက အတည်ပြုခဲ့ပါသည်။
သူ၏ဇနီးဟာ နေအိမ်၌ မိတ်ဆွေများ၊ မိသားစုဝင်များဝန်းရံလျက် ကွယ်လွန်သွားခဲ့ကြောင်း ခင်ပွန်း ဖြစ်သူ Frederic von Anhalt က မျက်ရည်များလည်လျက် AFPသတင်းဌာနကို ပြောကြားခဲ့ပါသည်။
“မိသားစုဝင်နှင့်မိတ်ဆွေအားလုံး အဲ့ဒီမှာရှိနေခဲ့ပါတယ်၊ သူမ အထီးကျန်စွာနဲ့ ကွယ်လွန်ခဲ့ရတာ မဟုတ်ပါဘူး”လို့ သူကပြောခဲ့ပါသည်။
ဟန်ဂေရီတွင် မွေးဖွားခဲ့တဲ့သူမဟာ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက အမေရိကားကို ပြောင်းရွှေ့လာခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် သူမ၏ဟောလိ၀ုဒ်သရုပ်ဆောင်ဘဝကို စတင်ခဲ့ပါသည်။ သူမဟာ ကိုးကြိမ်တိတိ လက်ထပ်ခဲ့သူဖြစ်ပါသည်။ သူမဟာ ရုပ်ရှင်ဇာတ်ကားပေါင်း ရ၀ကျော်မှာ ပါ၀င်သရုပ်ဆောင်ခဲ့ပေမယ့် သူမရဲ့ဘဝနေထိုင်မှုပုံစံက သူမကို ပိုမိုကျော်ကြားစေခဲ့ပါသည်။
သူမဟာ အသက်၂၀အရွယ်မှာ စတင်အိမ်ထောင်ပြုခဲ့ပြီး အသက် ရ၀အရွယ်မှာတော့ နောက်ဆုံးအိမ်ထောင်ပြုခဲ့ကာ အဆိုပါအိမ်ထောင်ဖက်နှင့်အတူ သူမသက်ဆုံးတိုင် နေထိုင်သွားခဲ့ပါသည်။