Rogue One:A Star War Story မင်းသမီးဖြစ်သူ Felicity Jones က အက်ရှင်ဇာတ်ကားများထဲတွင်အမျိုးသမီး များ၏အခန်းကဏ္ဍအရေအတွက် များပြားလာခြင်းဟာ ရုပ်ရှင်ရုံတွေထဲမှာ အံ့သြစရာ အခိုက်အတံ့ကို ဖြစ်ပေါ်စေပါတယ်လို့ပြောခဲ့ပါသည်။
Star Wars ဇာတ်ကားသစ်ထဲမှာ Jyn Erso အဖြစ် သရုပ်ဆောင်ပါ၀င်ထားတဲ့ Jones က ရုံဝင်ငွေအရမ်းရတဲ့ Star Wars ရုပ်ရှင်ထဲမှာ ပါ၀င်သရုပ်ဆောင်ရခြင်းဟာ အရမ်းကို ကောင်းမွန်ကြောင်းနဲ့ ခေါင်းဆောင်အမျိုးသမီး ဇာတ်ရုပ်များနှင့် အမျိုးသမီးများခေါင်းဆောင်ပါ၀င်ထားသော ဇာတ်ကားအရေအတွက်ဟာ အမျိုးသားများခေါင်းဆောင် ပါ၀င်ထားသော ဇာတ်ကားအရေအတွက်လိုမျိုး များပြားလာပြီဖြစ်ကြောင်း ပြောခဲ့ပါသည်။ ဒါ့အပြင် ရုပ်ရှင် မင်းသမီးဖြစ်ရတာလည်း အရမ်းကိုစိတ်လှုပ်ရှားဖို့ကောင်းကြောင်း ပြောခဲ့ပါသည်။
Rogue One:A Star Wars Story ဟာ ဗြိတိန်နိုင်ငံလန်ဒန်မြို့မှာ ပြီးခဲ့သောအင်္ဂါနေ့ကအထူးပွဲပြသခဲ့ပြီး ယခုလာမည့် အပတ်မှာတော့ ကမ္ဘာအနှံ့ပြသသွားမည်ဖြစ်ပါသည်။