ဇူလိုင် ၂၀၊ လန်ဒန် ။ ။ အာဆင်နယ်အသင်းနှင့် စာချုပ်သစ်အတွက် ဆွေးနွေးမည်ဖြစ်သော်လည်း လက်မှတ်ထိုးရန် အလျှင်မလိုဟု သီယိုဝဲလ်ကော့တ်က ပြောဆိုလိုက်သည်။
၂၀၁၃ တွင် အာဆင်နယ်နှင့် တစ်ပတ်ပေါင် ၉၀,၀၀၀ သောင်းတန်စာချုပ်, ချုပ်ထားခဲ့သော အသက် ၂၆ နှစ်အရွယ် တိုက်စစ်သမား သည် စာချုပ်သက်တမ်း ၁၂ လသာကျန်တော့ပြီး စာချုပ်သစ်အတွက်ဆွေးနွေးခွင့် ရသည့်အပေါ် ပျော်ရွှင်မိသည်ဟု လည်းပြောသည်။
"ကျွန်တော့်အေးဂျင့်က အသင်းနဲ့စကားပြောဖို့ရှိပါတယ်။ ကျွန်တော်ဒီအသင်းမှာ ကစားရတာကိုပျော်တဲ့အတွက် အဆင်ပြေစေချင်ပါတယ်။ ဖြစ်လာတာကတော့ ဖြစ်လာတာပေါ့လေ။ စောင့်ဆိုင်းရတဲ့ကစားပွဲတစ်ခုကို ကျွန်တော်တို့ ကစားနေပြီး ဘာဖြစ်လာမလဲ ကြည့်တာပေါ့။ ဒါပေမဲ့ မကြာစေရပါဘူးလို့ အာမခံပါတယ်။
ဒါကကျွန်တော့်အတွေးချည်းသက်သက်လုံးဝမဟုတ်ပါဘူး။ ကောင်းကောင်း ကစားချင်တာနဲ့ ဖြစ်လာတဲ့ အဖြစ်အပျက်က သပ်သပ်ပါ။ ကျွန်တော်ဒီရာသီမှာ ကစားဖို့အတွက်ကို နှောင့်နှေးမှာမလိုလားပါဘူး။
စာချုပ်ကိစ္စအတွက်လည်း ကျွန်တော့်ကိုထိခိုက်ခံမှာမဟုတ်ဘဲ အသင်းအတွက် အဆင်ပြေအောင်လုပ်ပေးချင်ပါတယ်"ဟု ဝဲလ်ကော့တ်က ပြောသည်။
ဝဲလ်ကော့တ်သည် လွန်ခဲ့သည့်နှစ်နှစ်အတွင်း ကြံ့ခိုင်မှုအတွက်ရုန်းကန်ခဲ့ရပြီး ၂၀၁၄ အစောပိုင်းတွင် စပါးနှင့်ပွဲ၌ ဒူးဒဏ်ရာ ရခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ် ၂၇ ပွဲသာ ကစားထားရသေးသည်။
သို့သော်လည်း ပြန်လည်ကြံ့ခိုင်လာပြီးနောက် ၎င်း၏ဂိုးများကိုပြန်လည်သုံးသပ်သွားမည်ဖြစ်ပြီး ယမန်နှစ်နှောင်းပိုင်းကထက် ပို၍တိုးတက်လာအောင်ကြိုးပမ်းသွားမည်ဟုလည်း ဝဲလ်ကော့တ်က ဆိုသည်။
Ref; goal.com