The Lion King ကို အမေရိကန်လွှတ်တော် စာကြည့်တိုက်တွင် ထိန်းသိမ်းစောင့်ရှောက် ထားတော့မည်

The Lion King ကို အမေရိကန်လွှတ်တော် စာကြည့်တိုက်တွင် ထိန်းသိမ်းစောင့်ရှောက် ထားတော့မည်

The Lion King နှင့် Thelma & Louise တို့ဟာ ယခုနှစ် အမေရိကန်လွှတ်တော်စာကြည့်တိုက်တွင် ထိန်းသိမ်း စောင့်ရှောက်ထားတော့မည့် ရုပ်ရှင်၂၅ ကားစာရင်းတွင် ပါ၀င်ခဲ့ပါသည်။

ယဉ်ကျေးမှုဆိုင်ရာအရ၊သမိုင်းကြောင်းဆိုင်ရာအရ၊သုမအနုပညာ ရသဆိုင်ရာအရ အရေးပါသော ဇာတ်ကားများကို လွှတ်တော်စာကြည့်တိုက်တွင် နှစ်စဉ်နှစ်တိုင်း ရွေးချယ်ထိန်းသိမ်းထားလေ့ ရှိပါသည်။ ယခုနှစ် ရွေးချယ်ထားသောဇာတ်ကား ၂၅ နှင့်ဆိုလျင် ထိန်းသိမ်းထားသော ရုပ်ရှင်ဇာတ်ကားများမှာ စုစုပေါင်း၂၅ ကားထိ ရှိပြီဖြစ်ပါသည်။

ယခုနှစ်စာရင်းထဲတွင် ပါ၀င်သော အခြားဇာတ်ကားများမှာ The Princess Bride၊ The Breakfast Club၊  Who Framed Roger Rabbit နှင့် အဲလ်ဖရက်ဟစ်ချ်ကော့ခ်၏ ၁၉၆၃ခုနှစ်မှ သည်းထိတ်ရင်ဖို ဇာတ်ကား The Birds တို့ပဲဖြစ်ကြပါသည်။

အဆိုပါ ထိန်းသိမ်းထားခံရမည့် စာရင်းထဲတွင် ပါ၀င်ဖို့အတွက် ရုပ်ရှင်ဇာတ်ကားများဟာ အနည်းဆုံးသက်တမ်း ဆယ်စုနှစ်တစ်ခုရှိရမည် ဖြစ်ပါသည်။ ဒစ်စနေးထုတ်လုပ်ရေးမှThe Lion King ဇာတ်ကားကို ဒါရိုက်တာ Jon Favreau က လူဖြင့်အသက်သွင်းရိုက်ကူးမည်ဟု ကြေညာအပြီး သုံးလအကြာမှာ ယခုလိုစာရင်းတွင် ပါ၀င်လာခြင်း ဖြစ်ပါသည်။

The Lion King ကာတွန်းဇာတ်ကားကို ၁၉၉၄ခုနှစ်မှာ ရိုက်ကူးထုတ်လုပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly