ဒီဇင်ဘာ ၄၊ လက်စတာ။ ။ လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကာကွယ်ရာတွင် အရာရာမှားယွင်းနေသည်ဟု နည်းပြ ကလောက်ဒီယို ရာနီယေရီက ပြောဆိုခဲ့ပြီး စနေနေ့တွင် ဆန်းဒါးလန်းကိုရှုံးနိမ့်သဖြင့် တန်းဆင်းဇုန်တိုက်ပွဲဝင်ရတော့မည်ဖြစ်သည်။
အလင်းရောင်ကွင်းတွင် ၂-၁ ဂိုးဖြင့်ရှုံးခဲ့သည့် လက်စတာအသင်းမှာ တန်းဆင်းဇုန်နှင့်နှစ်မှတ်အကွာ အဆင့် ၁၅ နေရာသို့ ရောက်နေသည်။
ချန်ပီယံဘွဲ့ကိုကာကွယ်သည့် လက်ရှိချန်ပီယံအသင်းတိုင်းထက် အဆိုးဆုံးရလဒ်အဖြစ် ၁၄ ပွဲတွင် ၁၃ မှတ်သာရထားသည်။
“ခက်ပါတယ်။ ကျွန်တော်တို့ အရာရာလွဲမှားနေတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကတော့ အရာရာဟုတ်နေခဲ့တယ်။ ကံကောင်းမှုနဲ့ စတင်ခဲ့တယ်။ ဒီရာသီမှာတော့ အရာရာမှားယွင်းနေပြီ။
ဒါပေမဲ့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ဆက်ကြိုးစားသွားဦးမှာဖြစ်ပြီး ဟန်ချက်ညီအောင်ထိန်းဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့ လုပ်သွားမယ်။ တိုက်ပွဲကရှည်ပါတယ်။ ဒါပေမဲ့ ဒါကဘောလုံးပါ၊ အားကစားပါ”ဟု ရာနီယေရီက ဆိုသည်။
လက်စတာအသင်းသည် ယခုနှစ်ရာသီ ပရီးမီးယားလိဂ်အဝေးကွင်း ခုနစ်ပွဲကစားပြီးရာတွင် နိုင်ပွဲလုံးဝမရသေးဘဲ တစ်ပွဲသာ သရေကျကာ ခြောက်ပွဲရှုံးထားသည်။
Ref; BBC