ပေကျင်း၊ နိုဝင်ဘာ ၂၅ ။ ။ တရုတ်နိုင်ငံ၏ တည်ငြိမ်မှုကင်းမဲ့သော အနောက်ပိုင်း ရှင်ကျန်းပြည်နယ်တွင် အာဏာပိုင်များက လူများထံမှ ပတ်စ်ပို့များအား ပြန်လည်သိမ်းယူလျက်ရှိသည်။
အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အစိုးရက ပြောပြီး လူ့အခွင့်အရေးအုပ်စုများကမူ ယင်းလုပ်ရပ်ကို ဝေဖန်နေသည်။
ရှင်ကျန်းဒေသရှိ မွတ်စလင်များက ခွဲခြားဆက်ဆံခံနေရသည်ဟု ပြောဆိုလျက်ရှိသည်။
အစ္စလာမ်စစ်သွေးကြွများကြောင့်ဟုဆိုသော ပြည်နယ်တွင်း စပ်ကြားဖြစ်ပေါ်နေသည့် ဆူပူအကြမ်းဖက်မှုများကို အမြစ်ဖြတ်ချေမှုန်းနိုင်ရေး တရုတ်အစိုးရက စိတ်ပြင်းပြလျက်ရှိသည်။
ပြည်နယ်လူဦးရေ၏ ၄၅ ရာခိုင်နှုန်းရှိသော ဝီဂါမွတ်စလင်များက ခရီးသွားလာခွင့် ပိတ်ပင်ခံရကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
စည်းမျဉ်းသတ်မှတ်ချက်သစ်များအရ ရှင်ကျန်းတွင် နေထိုင်သူအားလုံးအနေဖြင့် လုံခြံုရေးအရ ခရီးသွားလာခွင့်စာရွက်စာတမ်းများ လုပ်ထားရပြီး ရဲထံတင်ပြနေရခြင်းဖြစ်သည်။