ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးက လာမယ့် နွေရာသီမှာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၂၀၀ (ဒေါ်လာ ၂၄၇ သန်း) နဲ့ ကမ်းလှမ်းမှု ပြင်ဆင်နေတယ်လို့ လန်ဒန်ခြေစိုက်သတင်းစာ Sunday Mirror က တနင်္ဂနွေမှာ ဖော်ပြထားပါတယ်။
မန်စီးတီးက မက်ဆီကို တစ်ပတ်လုပ်ခ ပေါင် ၅၀၀,၀၀၀ (ဒေါ်လာ ၆၁၇,၇၀၀) ပေးချေဖို့လည်း ပြင်ဆင်ထားတယ်လို့ အဆိုပါအပတ်စဉ် သတင်းစာက ရေးသားထားပါတယ်။
ဘာစီလိုနာက ၂၀၁၈ မှာ ကုန်ဆုံးမယ့် မက်ဆီရဲ့စာချုပ်အတွက် သက်တမ်းတိုးဖို့ အာဂျင်တီးနားကြယ်ပွင့်ကို စည်းရုံးသိမ်းသွင်းဖို့ မအောင်မြင်သေးတာကြောင့် မက်ဆီကို ခေါ်ယူမယ့် မန်စီးတီးရဲ့ မျှော်လင့်မှုတွေ ရှင်သန်နေတာဖြစ်ပါတယ်။
မန်စီးတီးဟာ ဘီလျံနာ ရှိတ်မန်ဆော် ပိုင်ဆိုင်တဲ့ ဖွ့့ံဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အဘူဒါဘီယူနိုက်တက်ဂရုပ်မှ ၂၀၀၈ ခုနှစ် သြဂုတ်လက ပိုင်ဆိုင်ခဲ့ပြီးနောက် မက်ဆီကို ခေါ်ယူနိုင်ရန် ငွေကြေးအရင်းအမြစ်များရှိတဲ့ ကလပ်အနည်းငယ်ထဲက တစ်ခုဖြစ်လာပါတယ်။
မန်စီးတီးနှင့် မက်ဆီအကြား အပြောင်းအရွှေ့အတွက် သဘောတူညီမှုရခဲ့ပါက ဂျူဗင်တပ်စ်မှ မန်ယူအသင်းသို့ ပေါင် ၈၉ သန်း (ဒေါ်လာ ၁၁၀ သန်း) နဲ့ ရောက်ရှိလာတဲ့ ပေါ့ဂ်ဘာရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးကို မက်ဆီက ချိုးဖျက်သွားဖွယ်ရှိနေပါတယ်။
ပဲရစ်စိန့်ဂျာမိန်း PSG သို့မဟုတ် မန်ယူအသင်းလိုမျိုး အခြားဥရောပအသင်းကြီးများကလည်း မက်ဆီကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသနေတယ်လို့ Mirror က ရေးသားဖော်ပြခဲ့ပါတယ်။
©EFE_EPA