စစ်တိုင်းတိုင်းတွင် ၄ တန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

စစ်တိုင်းတိုင်းတွင် ၄ တန်းကျောင်းသူတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

မုံရွာ၊ နိုဝင်ဘာ ၁၆ ။              ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် အုတ်နှဲဘုတ်ကျေးရွာအုပ်စု၊ မြစံကျေးရွာနေ (၄)တန်းကျောင်းသူတစ်ဦး နိုဝင်ဘာလ ၁၅ ရက်က အဓမ္မပြုကျင့် သက်ဖြတ်ခံခဲ့ ရကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးမှ သိရသည်။

ဖြစ်စဉ်မှာ သက်ဖြတ်ခံရသူမိန်းကလေးနှင့် ၎င်း၏ဖခင်တို့မှာ မြောင်မြို့နယ် အုတ်နှဲဘုတ်ကျေးရွာရှိ ဆုတောင်းပြည့်ဘုရားပွဲအား နိုဝင်ဘာ ၁၄ ရက် ညပိုင်းက သွားရောက်ပွဲကြည့်ခဲ့ပြီး ည ၁၂ နာရီအချန် ခန့်တွင် လူကွဲ ပျောက်ဆုံးသွားခဲ့သည်။

ယင်းညက တစ်ညလုံး ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ရဘဲ နောက်တစ်ရက်တွင် ပွဲခင်း၏ အရှေ့တောင်ဘက် (၃)ဖာလုံခန့်အကွာ ပြောင်းခင်းအတွင်း အဝတ်ဗလာဖြင့် အသက်သေဆုံးနေသည်ကို   တွေ့ရှိခဲ့ရကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ပွဲခင်းမှနေအိမ်သို့ပြန်ရန်အတွက် ပွဲခင်းကွမ်းယာဆိုင်အနီးတွင် သမီးအား ထားခဲ့၍ ဆိုင်ကယ်အပ်ထားသည့်နေရာသို့ သွားရောက် ယူဆောင်ခဲ့ပြီး ပြန်လာချိန်တွင် ပျောက်ဆုံးသွားခဲ့ကြောင်း၊ ဖခင်ဖြစ်သူ၏ တရားလိုပြုလုပ် တိုင်တန်းချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပြောင်းခင်းအတွင်း အဝတ်ဗလာဖြင့် လည်ပင်းတွင် ဖုန်းလွယ်အိတ် သိုးမွှေးကြိုး ချည်ထားလျှက် ညိုမဲဒဏ်ရာ(၁)ချက်၊ မိန်းမအင်္ဂါစပ် ဖူးရောင်သွေးထွက် ဒဏ်ရာများဖြင့် အသက်သေဆုံး   နေကြောင်း ရဲစစ်ချက်အရ သိရသည်။

ယင်းကြောင့် သက်ဆိုင်ရာ မြောင်မြို့မရဲစခန်းအမှုကြီးအမှတ်စဉ် ၂/၂၀၁၆၊ (ပ) ၃၀၂/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၀၂၊ အရ အမှုရေးဖွင့်ကာ တရားခံဖမ်းဆီးရမိရေး  ဆောင်ရွက်လျှက် ရှိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly