နာမည်ကျော် ဂီတအဖွဲ့ U2 မှ ရှေ့ထွက်အဆိုတော် Bono က သမ္မတသစ် Mr Trump ကို လိင်တန်းတူညီမျှမှုအပေါ် ဦးစားပေးလုပ်ဆောင်သွားရန် Glamour မဂ္ဂဇင်း မှ ချီးမြင့်သည ့် Glamour ဆုကို လက်ခံသွားစဉ်က ပြောကြားသွားခဲ့ပါတယ်။
“ကျနော် အရွေးချယ်ခံ သမ္မသစ်ကို ပြောချင်ပါတယ်၊ အမျိုးသမီးတွေကို ကြည့်ရှုပါ၊ သူတို့အတွက် တန်းတူညီမျှကို ဦးစားပေးပါ၊ ဒါဟာ ရှေ့ကို ချီတက်နေတယ်ဆိုတဲ့ ပြယုဂ်တစ်ခုပါပဲ” လို့ သူက ပြောခဲ့ပါတယ်။
Mr Trump ဟာ အမျိုးသမီးတွေအပေါ်ထားတဲ့ သူ့ရဲ့ သဘောထားနဲ့ ပက်သက်ပြီး သူ့ကို သွားပုပ်လေလွင့်ပြောသူတွေကြားထဲမှာ ပြင်းပြင်းထန်ထန် ဝေဖန် ခံနေရသူလည်းဖြစ်ပါတယ်။