အင်္ဂလန်အသင်း၏ အမြဲတမ်းနည်းပြရာထူးနှင့် ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့သည်ဟု ဆောက်ဂိတ်ယုံကြည်

အင်္ဂလန်အသင်း၏ အမြဲတမ်းနည်းပြရာထူးနှင့် ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့သည်ဟု ဆောက်ဂိတ်ယုံကြည်

နိုဝင်ဘာ ၁၆ ။              ။ စပိန်အသင်းကို သရေကစားနိုင်ခဲ့ပြီးနောက်တွင် အင်္ဂလန်အသင်း၏ယာယီနည်းပြ ဆောက်ဂိတ်က ၎င်းအနေဖြင့် အင်္ဂလန်အသင်း၏ အမြဲတမ်းနည်းပြရာထူးနှင့် ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့သည်ဟု ယုံကြည်လျက်ရှိသည်။

ဆောက်ဂိတ်သည် နည်းပြဆမ်အလာဒွိုက်စ်၏နေရာတွင် အစားဝင်ပြီး ယာယီနည်းပြအဖြစ် အင်္ဂလန်အသင်းကို လေးပွဲကိုင်တွယ်ခဲ့ရာတွင် နှစ်ပွဲနိုင်၊ နှစ်ပွဲသရေ ရလဒ်ရရှိခဲ့သည်။ ကမ္ဘာ့ဖလားခြေစစ်ပွဲသုံးပွဲတွင် ရ မှတ်ရရှိခဲ့ပြီး စပိန်နှင့်သရေကျခဲ့ခြင်း ဖြစ်သည်။

ဆောက်ဂိတ်က ‘အင်္ဂလန်နည်းပြရာထူးကို ကျွန်တော်ချစ်ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော့်ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ဒီနေ့ည အသင်းရဲ့ ကစားပုံက တကယ်ကောင်းပါတယ်။ ဒီအသင်းနဲ့အတူ ကောင်းကောင်းစွမ်းဆောင်ပြနိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ ကြီးမားခက်ခဲတဲ့အခြေအနေတွေကို ကျွန်တော် ကိုင်တွယ်နိုင်တယ်လို့ သက်သေပြနိုင်ခဲ့ပါပြီ။  ဒီအတွေ့အကြုံတွေကို ကျွန်တော် နှစ်သက်ပါတယ်။ ကျွန်တော့်ကို တာဝန်ပေးအပ်ခဲ့တဲ့အတိုင်း အကောင်းဆုံးလုပ်ပြပြီး အသင်းကိုပြန်အပ်နိုင်လို့ တကယ်ကို ကျေနပ်ပါတယ်’ ဟု ပြောခဲ့သည်။

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ဆောက်ဂိတ်ကို တစ်နှစ်လျှင်လစာငွေပေါင် ၂ သန်းဖြင့် လေးနှစ်စာချုပ်ချုပ်ဆိုမည်ဟု သတင်းများထွက်ပေါ်နေသည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly