သည်ဟိတ်၊ နိုဝင်ဘာ ၁၅ ။ ။ အပြည်ပြည်ဆိုင်ရာ တရားရုံး သည်ဟိတ်သည် ဗီယက်နမ်ရှိ ကျေးရွာတစ်ရွာမှာ တရားမဝင်တောင်ရိုင်းတိရစ္ဆာန်များ မှောင်ခိုရောင်းဝယ်ဖောက်ကားနေသည့် စျေးရုံကြီးသဖွယ်ဖြစ်နေပြီး အမေရိကန်ဒေါ်လာများစွာ အရောင်းအဝယ်ဖြစ်လျက်ရှိနေကြောင်း အထူးကြားနာမှုတစ်ရပ် ပြုလုပ်ခဲ့သည်။
Wildlife Justice Commission ကော်မရှင်အဖွဲ့သစ်၏ တစ်နှစ်ကြာစုံစမ်းဖော်ထုတ်မှုအား သည်ဟိတ်တွင် နှစ်ရက်ကြာ ကြားနာခဲ့ခြင်းဖြစ်သည်။
“ဗီယက်နမ်နိုင်ငံက ထီခီကျေးရွာဟာဆိုရင် ရာဇဝတ်မှုရဲ့ ဗဟိုအချက်အချာဖြစ်နေတာ မငြင်းနိုင်တဲ့ သက်သေတွေလည်း ရှိနေပါတယ်။”ဟု ကော်မရှင် အမှုဆောင်ဒါရိုက်တာ အမျိုးသမီးဖြစ်သူ အိုလီဗာဂိုမန်းက ပြောသည်။
“အဆောတလျင် ဆုံးဖြတ်အရေးယူရေး”ကို လိုအပ်နေပြီဖြစ်ကြောင်း သည်ဟိတ်၏ ကြားနာမှုတွင် လူပေါင်း ၂၀၀ ခန့်နီးပါးရှေ့ ၎င်းက ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ်ကမှ ဖွဲ့စည်းထားသည့် အဆိုပါကော်မရှင်အနေဖြင့် တရားရုံးတင်စစ်ဆေးပိုင်ခွင့် အခွင့်အာဏာမရှိသော်လည်း ယခုကဲ့သို့ ကြားနာမှုသည် ဗီယက်နမ်နှင့် အခြားသောနိုင်ငံများအတွက် တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းဝယ်ကုန်သွယ်နေမှုများကို နှိမ်နင်းလာမည့် တွန်းအားအဖြစ် မျှော်လင့်ရသည်။
ကမ္ဘာတစ်ဝန်း တောရိုင်းတိရစ္ဆာန် မှောင်ခိုရောင်းဝယ်နေကြခြင်းသည် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံမျှ ရှိနေသည်။