ဂျကာတာ အုပ်ချုပ်ရေးမှူး ဘာဆူကီပူရ်နားမားအား အစ္စလာမ်ဘာသာအား စော်ကားခြင်းကြောင့် ချက်ချင်းအပြစ်ပေးအရေးယူရန် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက အမျိုးသား အထိမ်းအမှတ်ရင်ပြင်တွင် စုရုံးဆန္ဒပြ တောင်းဆိုကြသည်။
ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြမှု ဖြစ်စေရန် ရဲနှင့် စစ်တပ် လုံခြုံရေးပူးပေါင်းအဖွဲ့ကို တပ်ဖြန့်ချထားသည်။
အထိမ်းအမှတ်ရင်ပြင် အနီးတစ်ဝိုက် လမ်းများတွင် ဆန္ဒပြသူများနှင့် လုံခြုံရေးအမှုထမ်းများက သောကြာနေ့ ဝတ်ပြုမှုကိုလည်း လုပ်ဆောင်ခဲ့သည်။
ဆန္ဒပြသည့် လူအင်အားမှာ ငါးသောင်းထက်မနည်းရှိကြောင်း ဘန်ကောက်ပို့စ်သတင်းက ဖော်ပြသည်။
အမျိုးသားအထိမ်းအမှတ်ရင်ပြင်တွင် သောကြာနေ့ ဝတ်ပြုမှုကို လုပ်ဆောင်နေကြသည့် ဆန္ဒပြသူများနှင့် လုံခြုံရေးအမှုထမ်းများကြား သံဆူးကြိုးခြားထားလျက် တွေ့ရစဉ်။အစ္စလာမ်ဘာသာအား စော်ကားသည့် ဂျကာတာအုပ်ချုပ်ရေးမှူးအား ချက်ချင်းအရေးယူရေး ပိုစတာများ ကိုင်ဆောင်ကာ အမျိုးသမီးများ ဆန္ဒပြလျက်ရှိစဉ်။ဂျကာတာမြို့လယ်တွင် “မိစ္ဆာ အုပ်ချုပ်ရေးမှူး နှုတ်ထွက်”ဟု ရေးသားထားသည့် စာတမ်းကိုင်ဆောင် ဆန္ဒပြစဉ်။ဆန္ဒပြလူစုရုံးရာသို့ ဦးတည်လာကြစဉ် အချင်းချင်း နှုတ်ဆက်အားပေးနေကြသည့် ဆန္ဒပြသူများအား တွေ့ရစဉ်။