မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ ဆွေးနွေးပွဲ (နိဂုံးပိုင်း)

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရသုံးမှန်းခြေ ငွေစာရင်းဆိုင်ရာ ဆွေးနွေးပွဲ (နိဂုံးပိုင်း)
 

ဒေါ်သင်းသင်းအောင် (ဒါရိုက်တာ)

Mizzima Media Group

ကျွန်မတို့က ဦးစားပေးအနေနဲ့ တကယ်လိုအပ်တဲ့ ဆရာမတို့ပြောသလိုပါပဲ ပြည်သူတွေက မသိလို့ လုပ်တဲ့ဟာတွေလည်း အများကြီး ရှိမှာပါ။ အဲဒါကို သိအောင်လုပ်ရမှာပေါ့နော်။ သိအောင်လုပ်မယ်ဆိုရင် တကယ်တမ်းဆို ကျွန်မတို့ မီဒီယာပေ့ါ။ နိုင်ငံပိုင် မီဒီယာတွေ အပါအဝင်ပေါ့ မီဒီယာတွေကနေပြီးတော့မှ အသိပညာပေးလုပ်ငန်းတွေ လုပ်လို့ရတယ်။ ကျွန်မတို့ အခု လုပ်နေပါတယ်။ နိုင်ငံတော်ကနေ စီမံကိန်း ချပြီဆိုတာနဲ့ လူကုန်ကူးမှုပဲဖြစ်ဖြစ် စသဖြင့်ပေါ့နော် ပညာပေးတဲ့အစီအစဉ်တွေကို TV မှာ လွှင့်တဲ့အစီအစဉ်တွေလည်း တွေ့ပါတယ်။ အခွန်နဲ့ပတ်သက်လို့ အဲလိုမျိုးပဲ ဇာတ်လမ်းလေးတွေနဲ့ပေါ့။ ရွေးကောက်ပွဲမှာ လုပ်သလိုမျိုးပဲဖြစ်ဖြစ် ဒီမိုကရေစီ ဘာလဲဆိုတာကအစ ပညာပေးတာပဲလေ။ ဆိုတော့ ဒီလိုပဲ အခွန်ဆိုတာ ပေးရတယ်ဆိုတဲ့ဟာက ဒါ တခြားနိုင်ငံက အတွေ့အကြုံလေးတွေနဲ့ ဇာတ်လမ်းလေးတွေနဲ့ လုပ်ပြီးတော့ ပြည်သူ တကယ့်ကို နားလည်လွယ်တဲ့ ဇာတ်လမ်းလေးတွေနဲ့ တီဗွီတို့ကနေ လွှင့်ပေးတယ်ဆိုတာ အဲဒါကလည်း ထိရောက်ပါတယ်လို့ ထင်ပါတယ်။ အဲဒါအနေနဲ့လည်း ကျွန်မထင်ပါတယ် ပြည်သူတွေ သိလာမယ်လို့ပေါ့။

နောက်တစ်ခုကလည်း ခုနက ဆရာပြောသလိုပေါ့ ပြည်သူဗဟိုပြု ဟုတ်တယ် အစိုး၇သစ်ကတော့ Economic ပေါ်လစီ စမ်းသပ်ချက် ထွက်လာပြီ အဲဒီထဲမှာ ပါလာတယ်။ ပြည်သူဗဟိုပြု ပြည်သူတွေ အားလုံးပါတယ်ဆိုတော့ ပါတဲ့အထဲမှာလည်း ပြည်သူတွေအားလုံးက အတန်းအစားတွေ အကုန်လုံး အလွှာအသီးသီးပေါ့ အဲဒါတွေ ပါဖို့လိုလာပြီ။ အမျိုးသားတွေချည်းပဲ ပါတာမဟုတ်ဘူး။ အမျိုးသမီးတွေချည်းပဲ ပါတာမဟုတ်ဘူး။ သန်စွမ်းတဲ့သူတွေချည်းပဲလည်း မဟုတ်ဘူး။ အကုန်လုံးပါတယ်။ လူငယ် အမျိုးသမီး အမျိုးသား မသန်စွမ်း သက်ကြီးရွယ်အို အကုန်လုံးပါတဲ့ သူတို့ရဲ့သဘောထားတွေ သူတို့ရဲ့ ထင်ဟပ်တဲ့ ဘတ်ဂျက် ပေါ်ဖို့အတွက်လည်း လိုအပ်တယ်ဆိုတာ ကျွန်မတို့ သိပါတယ်။ ဆိုတော့ အခုနောက်ဆုံး ၅ မိနစ်လောက် ကျန်ပါသေးတယ်။ ၅ မိနစ်အတွင်းမှာလည်း ဆွေးနွေးတဲ့သူတွေအနေနဲ့လည်း ဆွေးနွေးပေးပါဦး။

မျိုးကျော်ထွန်း

ကျွန်တော်နာမည်က မျိုးကျော်ထွန်းပါ။ ကျွန်တေ်ာက ခုနက ဆရာမပြောသွားတာလေးကို ကျွန်တော် ပြောချင်လို့ပါ။ အခွန်မဆောင်တာကို သွားတိုင်တယ် တိုင်တော့ ဒဏ်ကြေးငွေ ဆောင်ရတယ်။ အဲဒီ ဒဏ်ကြေးငွေဟာ ဘယ်ထဲကို ရောက်သွားတာလဲဆိုတာက ကျွန်တော် သိချင်ပါတယ်။ အခွန်ထဲကိုပဲ ရောက်တာလား၊ ဒါမှမဟုတ် အဲဒီ ဒဏ်ကြေးငွေဟာ ဘယ်မှာ သွားစီးဆင်းတာလဲ။

ဦးဇင်အောင်

စီးပွားရေးပညာရှင်

ဒဏ်ကြေးငွေကတော့ ဘတ်ဂျက်ထဲကိုပဲ ဝင်တာပါ။

ဒေါ်သင်းသင်းအောင် (ဒါရိုက်တာ)

Mizzima Media Group

ကျွန်မတို့ အခု အချိန် ၂ မိနစ် ၃ မိနစ်လောက်ပဲ လိုတဲ့အခါကျတော့ ဒီထဲမှာ ပရိသတ်ထဲမှာ အရမ်းကို ဟော့ဖြစ်နေတဲ့ ရင်ထဲမှာ ပြောချင်နေတဲ့ဟာ ရှိတယ်ဆိုရင် ပြောလို့ရပါတယ်။ ဒါမှမဟုတ်ရင်တော့ ကျွန်မတို့ ဒီ Speaker သုံးယောက်ကိုတော့ နောက်ဆုံး ၂ မိနစ်စီ ပေးမှာဖြစ်ပါတယ်။

ဒေါ်ခင်ဇာနိုင် (အကြီးတန်းအရာရှိ)

ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA)၏

ကျွန်မကတော့ ဒီ Collection ကိုပဲ ခြုံငုံပြီးတော့ ပြောချင်ပါတယ်။ ဘတ်ဂျက်လို့ ကျွန်မတို့ပြောတဲ့ ရသုံးခန့်မှန်းခြေ ငွေစာရင်း နိုင်ငံတစ်ခုမှ Tax ကနေ ဝင်ငွေ သေသေချာချာ မရသရွေ့ အဲဒီနိုင်ငံဟာ သူ့ရဲ့ အဓိကဝင်ငွေ မရသရွေ့ ကျွန်မတို့ ဘာတစ်ခုမှ စလုပ်လို့ မရဘူးပေါ့နော်။ ဆိုတော့ ဒီရငွေကို အတတ်နိုင်ဆုံး စုဆောင်းရမယ်။ အဲဒါကိုမှ မစုဆောင်းနိုင်ဘူးဆိုရင်တော့ ငွေမရှိရင် အိမ်တစ်အိမ်မှာ ဘာလုပ်မလဲ သာမာန်ကြည့်လိုက်မယ်ဆိုရင်ပေ့ါ Collection ဆိုတာ အလွယ်ဆုံးပေါ့။ ဆိုတော့ ဘတ်ဂျက် Process တစ်ခုလုံးမှာ ပါဝင်တဲ့ State Holder တွေရှိတယ်။ အဓိကပါဝင်တဲ့သူတွေက အုပ်ချုပ်ရေးကဏ္ဍ၊ ကျွန်မတို့ ဝန်ကြီးဌာနတွေကနေ ရေးတယ်။ စီးပွားနဲ့ စီမံကိန်း ဝန်ကြီးဌာနကနေ ဘတ်ဂျက်တွေကို တွက်ချက်ပြီးတော့မှ ကျွန်မတို့ ဥပဒေပြုရေးအဖွဲ့ပေါ့နော်။ ဒီလွှတ်တော်ကို ကျွန်မတို့ တင်တယ်။ အဲဒီ တင်တဲ့ကဏ္ဍမှာ အဓိက ဒီကိစ္စတွေ မှန်မှန်ကန်ကန်ဖြစ်ဖို့အတွက် အရေးကြီးတဲ့ တကဏ္ဍက စာရင်းစစ်ပေါ့။ အဲဒီစာရင်းစစ်ကဏ္ဍက Independent ဖြစ်ဖို့လိုတယ်။ စာရင်းစစ်ဟာ လွတ်လပ်ပြီးတော့ သီးခြား ရပ်တည်နေဖို့လိုတယ်။ စာရင်းစစ်သည် ထွက်ငွေကိုသာ စစ်တာမဟုတ်ဘူး။ ဝင်ငွေကိုလည်း သူက စာရင်းစစ်တယ်။ ဆိုတော့ ဒီဟာကိုသာ ခိုင်ခိုင်မာမာ စာရင်းစစ်တွေရဲ့ ရပ်တည်ချက်က သီးခြားရပ်တည်ပြီးတော့မှ လွတ်လပ်စွာ စာရင်းစစ်နိုင်တဲ့ဟာပေါ့။ ဘယ်သူ့ရဲ့ လွှမ်းမိုးမှုကိုမှ မရှိဘဲနဲ့ စာရင်းစစ်နိုင်တဲ့ အဖွဲ့အစည်းသည် အဓိက လိုအပ်တယ်ပေါ့နော်။ ဆိုတော့ အဲလိုစာရင်းစစ်နိုင်ဖို့ သူ့ရဲ့ရပ်တည်ချက်ကို ခိုင်မာစေဖို့အတွက်လည်း စောင့်ကြပ်ကြည့်ရှုတဲ့ဟာမျိုးက အဆင့်တိုင်းမှာ ချထားဖို့လိုအပ်တယ်။ ဆိုတော့ ကျွန်မတို့နိုင်ငံမှာ ဒီယန္တရားတွေ မရှိဘူးမဟုတ်ဘူး။ ဒါပေမယ့် ရှိနေတဲ့ယန္တရားတွေကို ခိုင်မာအောင်လုပ်ပြီးတော့မှ လက်ရှိရှိနေတဲ့ သေသေချာချာ စာအုပ်ထဲမှာ ရှိတဲ့အတိုင်း ထိထိရောက်ရောက် စောင့်ကြပ် ကျင့်သုံးနိုင်ဖို့ဟာတွေကို ကျွန်မတို့ အားဖြည့်ဖို့လိုတယ်ဆိုတာကို ပေါ်လွင်တယ်ပေါ့နော်။

ဆိုတော့နောက်ထပ်တစ်ကဏ္ဍကတော့ ကျွန်မတို့ အဲလို ခိုင်မာတဲ့ သီးသန့် လွတ်လွတ်လပ်လပ် ရပ်တည်တဲ့ စာရင်းစစ်အဖွဲ့ရဲ့ သူတို့ရဲ့ ထုတ်ပြန်ကြေညာတဲ့ Report တွေက ပြည်သူတွေဆီကိုလည်း ရောက်ရတယ်။ သက်ဆိုင်ရာ အစိုးရဌာန ဥပဒေပြုတဲ့ အဖွဲ့တွေကိုလည်း ကျွန်မတို့ ရောက်ရပါတယ်။ တတိယ အရေးတကြီးနဲ့ ပါဝင်တဲ့ နောက်ထပ်တစ်ဖွဲ့ကတော့ လူထုအခြေပြုအဖွဲ့တွေရဲ့ ကဏ္ဍဖြစ်ပါတယ်။ ဒီ အခြားနိုင်ငံတွေရဲ့ အတွေ့အကြုံအရ လူထုအခြေပြုအဖွဲ့တွေက ဘယ်ကဏ္ဍက ပါဝင်သလဲ ကျွန်မတို့ အခု ကိစ္စတစ်ခုကို ပြောတော့မယ် ကိစ္စတစ်ခုကို လက်ညှိုးထိုးတော့မယ် ကိစ္စတစ်ခုကို တိတိကျကျ ပြောတော့မယ်ဆိုရင် ကျွန်မတို့ ခိုင်မာတဲ့ သတင်းအချက်အလက် လိုပါတယ်။ အစိုးရမှာ နှစ်စဉ်နှစ်စဉ် အစိုးရကလုပ်တဲ့ evaluation တွေ သုံးသပ်မှုတွေ သတင်းရယူမှုတွေ ဆိုတော့ ဒီအစိုးရက မကောက်ယူတဲ့ ကျန်နေတဲ့ ဧရိယာတွေ လိုအပ်ချက်တွေပေါ့နော်။ ဆိုလိုတာက အဓိက impasse ပေါ့။ ဒီဟာလုပ်ပြီးသွားတော့ တကယ်ပဲ ထိထိရောက်ရောက် ရှိရဲ့လား။ စနစ်တစ်ခု ကျင့်သုံးလိုက်တယ်၊ ဘတ်ဂျက်တစ်ခုကို ဒီနေရာမှာ သုံးလိုက်တယ်။ တကယ်ပဲ ပြည်သူအားလုံး အကုန်လုံး ညီညီမျှမျှ ရရဲ့လားဆိုတဲ့ impasse evaluation တွေပေါ့။ ဘာဆက်ဖြစ်သွားလဲ ဘယ်သူကရလဲ ဘယ်သူက မရဘူးလဲ ဘာကြောင့်လဲဆိုတော့ အဖြေတွေကို ဒါ ပြည်သူတွေထဲမှာမှ ဒီအသံကို ကြားနိုင်တာပေါ့နော်။ အဲဒါတွေကိုလည်း လူထုအခြေပြု အဖွဲ့အစည်းတွေက အဲလို လိုအပ်တဲ့နေရာတွေကို ရွေးချယ်တယ်။ ပြီးတော့မှ ဥပဒေပြုတဲ့ ပေါ်လစီနဲ့ သူက ချိတ်ဆက်ပြီးတော့ လုပ်ဆောင်တယ်။ ဆိုတော့ ကျွန်မတို့ ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့ အမတ်တွေ ဒီဧရိယာမှာ ဒီပြဿနာတွေက ဖြစ်နေပါတယ်ဆိုတာကို တိတိကျကျ ခိုင်ခိုင်မာမာပြောရင် လွှတ်တော်မှာ အဲဒီ Issue ကို တင်တာပဲပေါ့။ အဲဒီကနေ စတင် ဆွေးနွေးလာကြတယ်ပေါ့နော်။ အဲဒီ လူထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာလည်း အလွန် အရေးတကြီး ပါနေတာကို ကျွန်မတို့ တွေ့ရမယ်။

နောက်တစ်ခုကတော့ မီဒီယာပေါ့ ဆိုတော့ မီဒီယာက ဘာလဲဆိုတော့ အဓိကအားဖြင့် အခု ကျွန်မတို့ လုပ်နေတဲ့ ပွဲကိုပဲကြည့်ပေါ့နော်၊ ကျွန်မတို့ ဘတ်ဂျက်နဲ့ပတ်သက်တဲ့ဟာတွေကို တကယ်ပဲ အစိုးရက ချမှတ်လိုက်တယ်၊ တကယ်ပဲ အကျိုးသက်ရောက်မှု ရှိရဲ့လား။ ဆိုတဲ့အခါကျတော့ မီဒီယာတွေအနေနဲ့လည်း လွှတ်တော်ထဲမှာ ကျင်းပတဲ့ ငွေကြေးဆိုင်ရာတွေကို ပြည်သူတွေကို သိရှိနိုင်အောင် ပြသရမယ်။ ဒီလိုဆွေးနွေးပွဲတွေကို ပြည်သူတွေကနေတဆင့် တခြားတခြားသော ပြည်သူတွေပါအောင် အားလုံးသိအောင် လုပ်ရပါမယ်။ ဆိုတော့ မီဒီယာရဲ့ အခန်းကဏ္ဍသည် အလွန်အရေးကြီးတယ်။

နောက်တစ်ချက် ထပ်ပြောရင် လွှတ်တော်ထဲကို မီဒီယာတွေက ဘယ်လောက်ဝင်လို့ရလဲ ဘယ်လောက် သတင်းယူလို့ရတယ်ဆိုတာ နောက်တစ်ချက်ပေါ့နော်။ အဲဒါတွေမှာ အခက်အခဲရှိနေရင် ချောမွေ့အောင် ပြင်ရမယ်ဆိုတာသည် ပါဝင်တဲ့ Process ဖြစ်တယ်။ နောက်ဆုံးပါတဲ့ Stage Holder ကတော့ ကျွန်မတို့ ပြောမယ်ဆိုရင် ကမ္ဘာ့ဘဏ်တွေလိုမျိုး ငွေချေးတဲ့နိုင်ငံတွေပေါ့။ ဆိုတော့ သူတို့ဟာလည်း ကျွန်မတို့နိုင်ငံရဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ငွေကြေးကဏ္ဍမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်။ သူတို့ရဲ့ ပါဝင်မှုပုံစံကိုလည်း အားလုံးသိအောင် ထင်သာမြင်သာရှိအောင် ထုတ်လွင့်ခြင်း၊ ရှင်းပြခြင်း စသည်ဖြင့်ပေါ့နော်၊ ကြိုတင်စီမံချက်တွေ ချမှတ်ခြင်းဆိုတာလည်း အရေးကြီးတဲ့ ကဏ္ဍတွေက ပါဝင်တော့ ဒါတွေအကုန်လုံးက တပြေးညီ လုပ်ဆောင်မှသာလျင် ကျွန်မတို့ အခုပြောတဲ့ Collection ရော အခြား ဘက်ဂျက်ကိစ္စတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။

ဦးအောင်ဆွေ (ညွှန်ကြားရေးမှူး)

ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့။

ဘတ်ဂျက်သုံးစွဲမှုအပိုင်းတွေကို တကယ်ထိရောက်စေချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ ရငွေပိုင်းတွေ နောက်တစ်ခါ သုံးငွေပိုင်းတွေ နောက် စာရင်းစစ်ဆေးတဲ့အပိုင်းတွေပေါ့ ဒီအပိုင်းသုံးပိုင်းမှာ ကျွန်တေ်ာတို့ အကုန်လုံး အရေးကြီးပါတယ်။ စောစောက အရှေ့မှာလည်း အကုန်လုံး ပြောသွားပြီ ဖြစ်ပါတယ်။ ရငွေပိုင်းတွေမှာ ရနိုင်သမျှ ကျွန်တော်တို့ ရနိုင်သမျှ အကုန်လုံး အဲဒီ အကြောင်းအရာတွေ အားလုံးကနေပြီးတော့ အမှန်တကယ် အမှန်စင်စစ် ရလာအောင် ကျွန်တော်တို့ ဆောင်ရွက်ရမှာပဲ။ အဲလိုဆောင်ရွက်တဲ့နေရာမှာ စောစောကလို အားလုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်မှရမယ်။ စောစောကလို အကုန်လုံး မီဒီယာတွေရော၊ နောက်တစ်ခါ ပြည်သူရော နောက်တစ်ခါ တာဝန်ရှိတဲ့ အစိုးရ ဌာနဆိုင်ရာတွေရော အကုန်လုံးကနေ ပူးပေါင်းပြီးတော့ ဒီဥစ္စာ ရငွေပိုင်းမှာ မခြွင်းမချန်နဲ့ အကုန်လုံး ရရှိအောင် အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီလိုပဲ အသုံးစရိတ်ပိုင်း အသုံးစရိတ်ပိုင်းမှာလည်း ရရှိလာတဲ့ ဝင်ငွေတွေအပေါ်မှာ မူတည်ပြီးတော့ ကျွန်တေ်ာတို့ သုံးစွဲဖို့ဟာကလည်း ကျွန်တေ်ာတို့က မှန်ကန်တဲ့ သုံးစွဲမှု ဖြစ်ဖို့လိုတယ်။ တချို့နေရာတွေ အသုံးမလိုတဲ့ နေရာတွေမှာ သွားသုံးမိတာတွေ တကယ်အသုံးလိုတဲ့ နေရာတွေမှာ မသုံးမိတာတွေ ရှိတယ်။ အဲဒါကြောင့် တကယ် သုံးစွဲရန် လိုတဲ့နေရာတွေမှာ တကယ်ထိထိရောက်ရောက်နဲ့ ထိထိမိမိနဲ့ သုံးစွဲကြဖို့ အဲဒါတွေကို ကျွန်တော်တို့ လိုပါတယ်။ အဲလို ရငွေပိုင်းတွေ စောစောကလို တကယ် အမှန်တကယ်ဖြစ်ဖို့ တကယ်ထိရောက်ဖို့ဆိုတာ နောက်ဆုံးမှာ စာရင်းစစ် စစ်ဆေးတဲ့အပိုင်းမှာ လိုပါတယ်။ စာရင်းစစ်က ဒီဥစ္စာတွေက တကယ်ရော ရငွေရော ဟုတ်ရဲ့လား။ တကယ်ရတာရော ဟုတ်ရဲ့လား။ ဒီလောက်ပဲ ရတာလား ဒါမျိုးကို အကုန်လုံး အသေးစိတ် စစ်ဆေးဖို့လိုသလို သုံးငွေပိုင်းမှာလည်း ကျွန်တော် စောစောကပြောသလိုပဲ ထိရောက်စွာ သုံးတာဟုတ်ရဲ့လား။ လိုတာထက်ပိုပြီးတော့ သုံးနေတာလား မလိုအပ်တဲ့နေရာတွေမှာ သုံးနေတာလား ဒါမျိုးတွေကို ကျွန်တေ်ာတို့ ထိရောက်စွာ စစ်ဆေးပြီးတော့ နောက်ဆုံးမှာ ဖိုင်နယ်လုပ်ဖို့ လိုပါတယ်။ ဒါကြောင့်မို့ ရငွေပိုင်း သုံးငွေပိုင်း စာရင်းစစ်ဆေးတဲ့အပိုင်းတွေ အားလုံးဟာ အချိုးညီမှသာ ကျွန်တော်တို့ ဘက်ဂျက်က အကုန်လုံး ထိရောက်စွာ အကျိုးရှိစွာနဲ့ သုံးနိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်ဆိုတာကို တင်ပြလိုပါတယ်။

ဦးဇင်အောင်

စီးပွားရေးပညာရှင်

အခွန်ဆောင်ချင်တယ် ဘယ်လိုဆောင်ရမလဲဆိုတာကို အခွန်ကောက်ခံတဲ့စနစ်က ကျွန်တော့မှာတော့ ဝင်ငွေတွေ ဒီလောက်ရနေပါပြီ တကယ်လုပ်ရမယ်။ လုပ်ပြီးမှ ကျွန်တော့ကို အခွန်စည်းကြပ်ပါတော့ဆိုတဲ့ စနစ်မျိုးဖြင့် အဲတော့ ဒီစနစ်မျိုး မဟုတ်ပြန်တော့လည်း နောက်တစ်ခု လာပါ ခင်ဗျားလုပ်ငန်းကြီးက ကောင်းနေပါတယ် ကျွန်တော်တို့နဲ့ လာဆွေးနွေးပါ အခွန်ကောက်ခံဖို့ဆိုတော့လည်း ဒီ အခွန်ထမ်းရမယ့်သူက ဘာလုပ်ရမလဲဆိုတော့ အခွန်ရုံးကို သွားရမှာ တော်တော်ကြောက်တယ်ဗျ။ ကြောက်တယ်ဆိုတော့ ခုနကပြောသလို ငါ ဒီတစ်ခါဆောင်တာ ၅ သိန်းကျတယ်ဆိုရင် နောက်နှစ်ဆိုရင် ၁၀ သိန်းဆိုတာ သေချာနေပြီ။ သူက လျော့တယ်ဆိုတာ မရှိဘူး။ တိုးဖို့ပဲရှိတယ်။ ဒါကြောင့်မို့ ကျွန်တော် နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ ရငွေပိုင်းက မှန်မှန်ကန်ကန် ရဖို့နဲ့ အဂတိလိုက်စားမှုနဲ့ ကိုယ်ကျင့်တရား ကောင်းဖို့အပြင် ဒီ အခွန်ကောက်ခံတဲ့ စနစ်ကြီးးကိုလည်း ပြုပြင်ဖို့ လိုပြီဆိုတာကိုလည်း ကျွန်တော် ဆွေးနွေးလိုပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်။ ခုလိုမျိုး ပါဝင် ဆွေးနွေးပေးကြတဲ့သူတွေရော ဦးဆောင်ပြီးတော့ ဆွေးနွေးပေးကြတဲ့ ပညာရှင်တွေရောပေါ့ါ။ ဒီကနေ့ ချုပ်လိုက်တဲ့အခါမှာ တော်တော်ပြည့်စုံပါတယ်။ ရငွေဘက်ရော၊ သုံးသွေဘက်ရော၊ စိစစ်တဲ့ Monitor တွေရော အဲဒီ နေရာတိုင်းမှာတော့ တကယ် စိစိစစ်စစ်နဲ့ သေသေချာချာ လုပ်ဖို့ လိုအပ်လာပြီဆိုတဲ့ဟာကို အားလုံး အချုပ်အနေနဲ့ ပြောသွားတယ်။ နောက်ပြီးတော့ ဦးစားပေးအနေနဲ့ ရငွေရသလိုပဲ ရငွေကို ဘယ်လိုမျိုးနေရာမှာ အသုံးပြုမလဲဆိုတာကို ဦးစားပေးတွေကို ရွေးတဲ့နေရာမှာလည်း ပြည်သူလူထုတွေရဲ့ အားလုံး အလွှာအသီးသီး ပါဝင်မှုနဲ့အတူ ဆုံးဖြတ်ချက်တွေကို ချဖို့အတွက် လိုပါတယ်ဆိုတာကို ပြောရင်းနဲ့ပဲ ဒီ Dialouge လေးကို နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

အပိုင်း (၁)ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်။ http://www.mizzimaburmese.com/article/19817

အပိုင်း ( ၂ )ကို အောက်ပါလင့်တွင် ကြည့်ရှု့နိုင်ပါသည်။ http://www.mizzimaburmese.com/article/19856

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly