ပြစ်မှုနှစ်ခုအတွက် မန်ယူနည်းပြမော်ရင်ဟို ပွဲပယ်နှင့်ဒဏ်ငွေ ချမှတ်ခံရ

ပြစ်မှုနှစ်ခုအတွက် မန်ယူနည်းပြမော်ရင်ဟို ပွဲပယ်နှင့်ဒဏ်ငွေ ချမှတ်ခံရ

နိုဝင်ဘာ ၃၊ မန်ချက်စတာ။         ။ မန်ချက်စတာယူနိုက်တက်နည်းပြ ဟိုဆေးမော်ရင်ဟိုသည် ပြစ်မှုနှစ်ခုအတွက် တစ်ပွဲပယ်နှင့် ဒဏ်ငွေ ပေါင် ၅၈,၀၀၀ ချမှတ်ခံခဲ့ ရသည်။ ပေါ်တူဂီလူမျိုးနည်းပြသည် စနေနေ့က မန်ယူနှင့်ဘန်လေတို့ ဂိုးမရှိသရေကျခဲ့ရာတွင် ပွဲချိန်ပထမပိုင်း၌ အဝတ်လဲခန်းသွားရာ ဥမင်အနီးအနားမှ အပြုအမူကြောင့် ပွဲကြည့်စင်သို့သွားရောက်ရန် ဒိုင်လူကြီး မာ့ခ်ကလတ်တန်ဘာ့ဂ်၏ စေလွှတ်ခြင်းခံခဲ့ရသည်။

တနင်္ဂနွေနေ့တွင် မန်ယူအသင်း ဆွမ်ဆီးနှင့်ကစားရမည့်ပွဲကို မော်ရင်ဟိုကြီးကြပ်ခွင့်ရမည်မဟုတ်ဘဲ ဒဏ်ငွေပေါင် ၈, ၀၀၀ သတ်မှတ်ခံရသည်။

ကွင်းလယ်ဒိုင် အန်သိုနီ တေလာနှင့်ပတ်သက်ပြီး ပြောဆိုခဲ့သည့်မှတ်ချက်အတွက်မူ ဒဏ်ငွေ ပေါင် ၅၀, ၀၀၀ ပေးဆောင်ရမည် ဖြစ်သည်။

အန်ဖီးလ်တွင် အောက်တိုဘာ ၁၇ က ကစားခဲ့သည့် လီဗာပူးလ်နှင့်ပွဲကိုကိုင်တွယ်ရန် တေလာအနေဖြင့်ခက်ခဲမည်ဟု မန်ယူနည်းပြက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဒိုင်လူကြီးများပွဲမကိုင်တွယ်မီ နည်းပြများက ကြိုတင်ပြောဆိုခွင့်မရှိဘဲ မော်ရင်ဟိုက လီဗာပူးလ်နှင့်ပွဲအတွက်တေလာကို တာဝန် ပေးခြင်းမှာ မန်ချက်စတာအခြေစိုက်ဒိုင်လူကြီးအတွက် ဖိအားရှိမည်ဟု ဖြည့်စွက်ပြောဆိုခဲ့သေးသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly