မင်းသမီးကြီး Tippi Hedren က ဒါရိုက်တာ Alfred Hitchcock သည် ၎င်းတို့နှစ်ဦး ရုပ်ရှင်အတူတူ ရိုက်ကူုးခဲ့စဉ် ၁၉၆၀ ပြည့်လွန်နှစ်များက သူမ ကို လိင်ပိုင်းဆိုင်ရာအရ အနှောင့်အယှက်ပေးခဲ့ကြောင်း ရေးသားလိုက်သည်။
ဒါရိုက်တာသည် သူ၏ကား နောက်ခန်းထဲတွင် သူမ ကို ဖက်ကာ နမ်းရန် ကြိုးစားခဲ့ကြောင်း ယခုအခါ အသက် ၈၆ နှစ်အရွယ်ရှိပြီ ဖြစ်သည့် မင်းသမီးကြီးက သူမ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိထဲတွင် ရေးသားလိုက်ခြင်းဖြစ်သည်။
ထို အဖြစ်အပျက်အား “ဆိုးဝါးလှသည့် အခိုက်အတန့်တစ်ခု” ဟု မင်းသမီးကြီးက ရေးသားထားသည်။
ထိုအဖြစ်အပျက်ကို မည်သူ့ကိုမျှ ပြောမပြခဲ့ကြောင်း နှင့် အဘယ်ကြောင့်ဆိုသော် ၁၉၆၀ ပြည့်လွန်နှစ် အစောပိုင်းကာလများတွင်၊ လိင်ပိုင်းဆိုင်ရာအရ အနှောင့်အယှက်ပေးခြင်း နှင့် လိုက်လံချောင်းမြောင်း နှောင့်ယှက်ခြင်း စသည်တို့အပေါ် လူများက ယခုလောက် အလေးမထားကြသေးသောကြောင့် ဖြစ်ကြောင်း မင်းသမီးကြီးက ဆိုခဲ့သည်။
“ပြီးတော့ သူဟာ ယူနီဗာဆယ်ရဲ့ စူပါစတားတွေထဲက တစ်ယောက်ဖြစ်တဲ့ Alfred Hitchock ပါ။ ကျွန်မကတော့ မထင်မရှားဘဝကနေ သူက စင်တင်ပေးထားတဲ့ ရွှေရောင်ဆံပင်ပိုင်ရှင် မော်ဒယ်လေး တစ်ယောက်အဆင့်မှာ ရှိနေခဲ့တဲ့ ကာလပါ။ ကျွန်မတို့ နှစ်ယောက်ထဲမှာ ဘယ်သူက စတူဒီယိုအတွက် ပိုပြီး တန်ဖိုးရှိပါသလဲ။ သူလား၊ ကျွန်မလား” ဟု မင်းသမီးကြီးက ရေးသားခဲ့သည်။
ဒါရိုက်တာ Alfred Hitchcock သည် ၁၉၈၀ ခုနှစ်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။