ဒေဝါလီပွဲတော်အပြီး နယူးဒေလီမြို့ မီးခိုးများ ပိတ်ဖုံး

ဒေဝါလီပွဲတော်အပြီး နယူးဒေလီမြို့ မီးခိုးများ ပိတ်ဖုံး

နယူးဒေလီ၊ အောက်တိုဘာ ၃၁။       ။ အိန္ဒိယနိုင်ငံတွင် ဒေဝါလီပွဲတော်အတွင်း မီးရှုးမီးပန်းများ အမြောက်အမြား ပစ်ဖေါက်ဆင်နွှဲခဲ့ကြပြီးနောက် နောက်တစ်နေ့အထိ နယူးဒေလီမြို့တော်မှာ မီးခိုးများ လွှမ်းခြုံလျက်ရှိသည်ကို လူမှုမီဒီယာသုံးစွဲသူများကြား ဓာတ်ပုံများရိုက် ဖြန့်ဝေကြလျက် အပြစ်ပြောဆိုလျက်ရှိနေသည်။

နယူးဒေလီမြို့၏ လေထုညစ်ညမ်းမှုအဆင့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတ်မှတ်မှတ်ထက် အဆ ၃၀ ကျော်လွန်နေသည်။

နယူးဒေလီ မြို့သူမြို့သားများအား လေထုညစ်ညမ်းမှုမှ စိုထိုင်းစမြင့်တက်ကာ လေပြင်းတိုက်ခတ်မှုများ ဖြစ်နိုင်၍ အစိုးရက သတိပေးချက်များ ထုတ်ပြန်ထားသည်။

အိန္ဒိယမြောက်ပိုင်းတွင် ဟိန္ဒိူတို့၏ အရေးကြီးဆုံး ဒေဝါလီပွဲတော်ကို နတ်ဆိုးအား အောင်နိုင်မှုအထိမ်းအမှတ်အဖြစ် ကျင်းပကြခြင်းဖြစ်သည်။

အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် မြို့အနှံ့ ကြည့်မိဆိုပါက မှုန်ဝါးဝါး မြင်ကွင်းသာ မြင်တွေ့ရပြီး တင်စားရမည်ဆိုလျှင် မီးခိုးများ လွှမ်းခြုံခံထားရသည့် မြို့သဖွယ် ဖြစ်နေသည်။ ဒေသခံများကိုလည်း
အိမ်တွင်း၌သာ နေကြရန် အကြံပြုထားသည်။

လေထုအတွင်း အမှုန်အမွှားပါဝင်မှုက အဆိုးဆုံးနေရာများ၌ တစ်ကုဗမီတာကို ၇၅၀ မိုက်ခရိုဂရမ်ရှိကြောင်း အိန္ဒိယလေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဘုတ်အဖွဲ့က ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စံသတ်မှတ်အဆင့်မှာ ၂၄ နာရီ ပျမ်းမျှကာလအတွင်း တစ်ကုဗမီတာ ၂၅ မိုက်ခရိုဂရမ် သတ်မှတ်ထားခြင်းကြောင်း နယူးဒေလီမြို့တော်၏   ဒေဝါလီပြီးနောက်ပိုင်း လေထုညစ်ညမ်းမှုက အဆ ၃၀ မြင့်တက်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags