ဗြိတိန်ကမ္ဘာလှည့် ဖျော်ဖြေပွဲအတွင်း အထင်လွဲခံနေရသည့် အပြုအမှုများကို တုံ့ပြန်ဖြေရှင်းခဲ့တဲ့ ဂျက်စတင်ဘီဘာ

ဗြိတိန်ကမ္ဘာလှည့် ဖျော်ဖြေပွဲအတွင်း အထင်လွဲခံနေရသည့် အပြုအမှုများကို တုံ့ပြန်ဖြေရှင်းခဲ့တဲ့ ဂျက်စတင်ဘီဘာ

နယူးယော့ခ် ၊ အောက်တိုဘာ ၃၁ ။             ။ ဆယ်ကျော်သက်အရွယ်များ အသည်းစွဲအဆိုတော် ဂျက်စတင်ဘီဘာသည် ဗြိတိန်ကမ္ဘာလှည့် ဖျော်ဖြေပွဲတွင် အထင်လွဲခံနေရသည့် အပြုအမူများကို တုံ့ပြန်ဖြေရှင်းခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က မန်ချက်စတာတွင် ပြုလုပ်သော ဖျော်ဖြေပွဲတွင် ပရိသတ်များက ၎င်းအား စကားပြောခွင့် မပေးခဲ့သည့်အတွက် စင်ပေါ်မှ ဆင်းသွားခဲ့ပြီးနောက် ၎င်း၏အပြုအမှုများနှင့် ပတ်သက်၍ တွစ်တာပေါ်တွင် ယခုကဲ့သို့ တုံ့ပြန် ဖြေရှင်းခဲ့ခြင်းဖြစ်သည်။

 “ဒီနေ့ညမှာ ပရိသတ်တွေက ကျွန်တော်ပြောတာကို နားထောင်ပေးပြီး ကျွန်တော့်ကို နားလည်ပေးမယ်လို့ ထင်ပါတယ် ”ဟု ဂျက်စတင်က တွစ်တာတွင် ရေးသားခဲ့သည်။

ယင်းစာကို ရေးသားခဲ့ပြီးနောက် ဂျက်စတင်သည် ဂလက်စဂိုတွင် ကျင်းပပြုလုပ်သော ဖျော်ဖြေပွဲတွင် ရိုက်ကူးထားသော ဗီဒီယိုကို ထုတ်လွှင့်ခဲ့သည်။ ယင်းဗီဒီယိုတွင် ဂျက်စတင်က ဖျော်ဖြေပွဲမှာ ပရိသတ်တစ်ချို့က ကျွန်တော်ပြောချင်တာကို နားမထောင်ပေးချင်ကြဘူး။ ကျွန်တော့်ကို စကားပြောခွင့် မပေးခဲ့ကြဘူးဟု ပြောကြားထားသည်။

“ကျွန်တော် ပရိတ်သတ်တွေနဲ့ ညှိညှိနှိုင်းနှိုင်းလုပ်ဆောင်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ ပရိတ်သတ်တွေက ကျွန်တော်ကို စကားပြောခွင့် မပေးခဲ့ဘူး။ ကျွန်တော်သိထားတဲ့ ကျွန်တော်ဆိုတဲ့ သူတစ်ယောက် အကြောင်းကို ပြောဖို့ ၊ ကျွန်တော်နှလုံးသားထဲမှာ ရှိတာကို ပြောဖို့ ကျွန်တော်က ဒီစင်မြင့်ကို အသုံးမပြုခဲ့ဘူးဆိုရင် ကျွန်တော့အပေါ်ကျွန်တော် မတရားရာ ကျသွားနိုင်တယ်”ဟု ဂျက်စတင်က တွစ်တာတွင် ရေးသားခဲ့သည်။

“ကျွန်တော် ပရိသတ်ထဲက ဘယ်သူကိုမျှ  တရားဥပဒေအရ တရားစွဲတာတွေ လုပ်ဆောင်သွားမှာ မဟုတ်ပါဘူး။ကျွန်တော်လည်း ကမောက်ကမဖြစ်အောင် လုပ်ခဲ့တဲ့အချိန်တွေ ရှိတယ်။ ကျွန်တော်က လူသားတစ်ယောက်ပဲလေ။ ကျွန်တော်ဟာ စက်ရုပ်တစ်ရုပ် မဟုတ်တဲ့အတွက် အမြဲတမ်းတော့ မှန်ကန်နေမှာ မဟုတ်ပါဘူး။ကျွန်တော်စိတ်ဆိုးတဲ့အခါဆိုရင် ကျွန်တော်က ကဖျက်ယဖျက်တွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် စင်ပေါ်မှာတော့ အမြဲတမ်း ကျွန်တော်အစစ်အမှန်ဖြစ်ရမယ် ”ဟု ဘီဘာက ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly