အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမယ့် ၂၀၁၇ ခုနှစ် အာရှ အသက် ၁၉နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အကြိုခြေစစ်ပွဲ အုပ်စု (ဂ) ပွဲစဉ်များကို ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
အဆိုပါ ပြိုင်ပွဲကို နိုဝင်ဘာလ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် မူလက သတ်မှတ်ထားပေမယ့် ထိုင်းဘုရင်မင်းမြတ် ဘူမိဘော နတ်ရွာစံတာကြောင့် ထိုင်းနိုင်ငံအနေနဲ့ အိမ်ရှင်အဖြစ် လက်ခံမကျင်းပနိုင်တော့တာဖြစ်ပါတယ်။
မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ ၁၉ အသင်းဟာ အုပ်စု (ဂ) တွင် ထိုင်း၊ ပါလက်စတိုင်း၊ ကာဂျစ်စတန်တို့နှင့် ကျရောက်လျက်ရှိပြီး ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပါလက်စတိုင်းအသင်းနှင့်လည်းကောင်း၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကာဂျစ်စတန်အသင်းနှင့်လည်းကောင်း၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ထိုင်းအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
Source: Myanmar Football Federation