အောက်တိုဘာ ၂၀၊ လန်ဒန်။ ။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အာဆင်နယ်အသင်းက လူဒိုဂိုရတ်စ်ကို ၆-၀ ဂိုးဖြင့်အနိုင်ရခြင်းမှာ နည်းပြအာစင်ဝင်းဂါးအတွက် နည်းပြဘဝ ဥရောပနိုင်ပွဲ ၁၀၀ ပြည့်မြောက်ခြင်းလည်းဖြစ်သည်။
မကြာသေးခင်ကမှ အာဆင်နယ်နည်းပြ ဘဝ နှစ် ၂၀ ပြည့်မြောက်ခဲ့သော ပြင်သစ်လူမျိုးအာစင်ဝင်းဂါးအတွက် နောက်ထပ် မှတ်တိုင်တစ်ခုလည်းဖြစ်ခဲ့သည်။
ဗုဒ္ဓဟူးနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ပွဲတွင် ဂိုးပြတ်အနိုင်ရမှုကြောင့် အာဆင်နယ်အသင်းမှာ အုပ်စုကို ဦးဆောင်နိုင်ခဲ့သည်။
လူဒိုဂိုရတ်စ်ကိုအနိုင်ရသည့်ပွဲတွင် အာဆင်နယ်အသင်းအတွက်ဂိုးများကို အိုဇေးလ်က ဟက်ထရစ်၊ ဆန်းချက်ဇ်၊ ဝဲလ်ကော့တ် နှင့် ချိန်ဘာလိန်တို့က တစ်ဂိုးစီသွင်းယူခဲ့ကြသည်။
ဂိုးပြတ်နိုင်ပွဲရရှိပြီး အုပ်စုကို ဦးဆောင်နေသော်လည်း ဆက်လက် အာရုံစူးစိုက်ထားကြရန် အသင်းသားများကို အာစင်ဝင်းဂါးက တိုက်တွန်းခဲ့သည်။
Ref; goal.com