ဆူဇူကီးပြိုင်ပွဲအတွက် မြန်မာအသင်း စခန်းသွင်းလေ့ကျင့်မှုများ အောက်တိုဘာလ ၁၈ ရက်နေ့ စမည်

ဆူဇူကီးပြိုင်ပွဲအတွက် မြန်မာအသင်း စခန်းသွင်းလေ့ကျင့်မှုများ အောက်တိုဘာလ ၁၈ ရက်နေ့ စမည်
(ဓာတ်ပုံ - အီးပီအေ)

မြန်မာ့လက်ရွေးစင်အသင်းဟာ အာဆီယံချန်ပီယံရှစ် ဆူဇူကီးပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်မှုများကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပြန်လည်ပြုလုပ်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းမှာ ထပ်မံရွေးချယ်ထားတဲ့ ကစားသမား နှစ်ဦးဖြစ်တဲ့ ဝင်းမင်းထွဋ်နှင့် ကောင်းဆက်နိုင်တို့ပါ အသင်းနှင့် လာရောက်ပူးပေါင်းမယ်လို့ MFF က ဆိုပါတယ်။

အာဆီယံချန်ပီယံရှစ် ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်းက ဗီယက်နမ်၊ မလေးရှား၊ ခြေစစ်ပွဲအောင် တစ်သင်းတို့နှင့် အုပ်စု (ခ) တွင် ကျရောက်လျက်ရှိပြီး နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ဗီယက်နမ်အသင်းနှင့် သုဝဏ္ဏအားကစားကွင်းမှာ ပွဲဦးထွက် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။  နိုဝင်ဘာ ၂၃ ရက်မှာ ခြေစစ်ပွဲအောင်အသင်း၊ နိုဝင်ဘာ ၂၆ ရက်မှာတော့ မလေးရှားအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဆူဇူကီးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ဥရောပလေ့ကျင့်ရေးခရီးစဉ်အတွင်း ခြေစမ်းပွဲ (၈)ပွဲ ယှဉ်ပြိုင်ခဲ့ပြီး (၃)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၂)ပွဲရှုံးရလဒ် ရရှိခဲ့ပါတယ်။

မြန်မာအသင်းဟာ ဥရောပလေ့ကျင့်ရေးခရီးစဉ်ကနေ အောက်တိုဘာလ ၁၃ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

Source: MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags