နိုင်ပွဲပျောက်ဆုံးနေမှုကနေ ဘိုင်ယန်မြူးနစ် ပြန်လာနိုင်ဖို့ တိုက်ပွဲဝင်စိတ်ဓာတ်ရှိရန် ရီဘာရီ တိုက်တွန်း

နိုင်ပွဲပျောက်ဆုံးနေမှုကနေ ဘိုင်ယန်မြူးနစ် ပြန်လာနိုင်ဖို့ တိုက်ပွဲဝင်စိတ်ဓာတ်ရှိရန် ရီဘာရီ တိုက်တွန်း
(ဓာတ်ပုံ - အီးပီအေ)

ပြင်သစ်တောင်ပံကစားသမား ရီဘာရီက ဘိုင်ယန်မြုးနစ်အသင်းဟာ ချန်ပီယံလိဂ်မှာ အက်သလက်တီကို,ကို ရှုံးပြီး ဘွန်ဒစ်လီဂါမှာလည်း ကိုလုံးကို သရေကျခဲ့တာကြောင့် ကစားဖော်များကို တိုက်ပွဲဝင် စိတ်ဓာတ် ပြန်လည် ရယူရန် အသင်းကစားဖော်များကို တောင်းဆိုလိုက်ပါတယ်။

ဘိုင်ယန်ကစားသမားများဟာ အသင်းအဖွဲ့လို ကစားဖို့ရှိပြီး ကျနော်တို့အသင်းဟာ ကောင်းမွန်တောင့်တင်းတဲ့ အသင်းတစ်ဖြစ်နေလို့ ရလဒ်ဆိုး နှစ်ပွဲကို ပြောင်းပြန်လှန်ဖို့ အတူတကွ တိုက်ခိုက်ပြီး ပြန်လာဖို့ လိုပါတယ်လို့ ပြင်သစ်ကစားသမားက Bild သတင်းစာကို ပြောပါတယ်။

ရီဘာရီက ဘိုင်ယန်အသင်းဟာ မကြာမီ အောင်ပွဲတွေ ပြန်လည်ရရှိလာမယ်လို့ ယုံကြည်မှုအပြည့်ရှိနေပြီး နည်းပြသစ် အန်ဆယ်လော့တီရဲ့ ကစားကွက်ဟာ ဒီရလဒ်ဆိုးတွေအပေါ်မှာ အောင်မြင်အောင် လုပ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။

အန်ဆယ်လော့တီက ကစားသမားတွေအပေါ် ဂရုစိုက်သလို အရာရာကို လိမ္မာပါးနပ်စွာ ကိုင်တွယ်နိုင်ပြီး အချိန်တွေ ပေးကာ အသင်းသားတွေနဲ့အတူ စကားအများကြီး ပြောဆိုတတ်သူဖြစ်တယ်လို့ ရီဘာရီက ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ပြီးနောက် အလွန်ပင်ပန်းကြောင်း ရီဘာရီက ဝန်ခံခဲ့သလို အမြဲကစားလိုပေမယ့် ကိုလုံနဲ့ပွဲမှာ ပင်ပန်းနွန်းနယ်လို့ ပါဝင်မကစားခဲ့ပဲ အရံခုံတန်းလျားမှာ ထိုင်နေရတဲ့အပေါ် သဘောတူကြောင်း ပြောပါတယ်။

ရော်ဘင်လို ကစားသမား သို့မဟုတ် ကျနော်ဟာ အမြဲတမ်း ပွဲကစားချင်သူတွေပါ။ ဒါပေမယ့် သုံးရက်အတွင်း ပွဲတစ်ပွဲ ကစားဖို့ရှိချိန်မှာတော့ မိနစ်တိုင်း မကစားနိုင်တော့ပါဘူးလို့ အသက် (၃၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရီဘာရီက ရှင်းပြပါတယ်။

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly