နယူးယော့ခ် ၊ အောက်တိုဘာ ၁ ။ ။ ဂျိမ်းစဘွန်းမင်းသား လက်သစ်နှင့် စပ်လျဉ်း၍ ကောလဟာလ သတင်းများ ထွက်ပေါ်နေသော်ငြားလည်း ထုတ်လုပ်သူ တစ်ဦးက မင်းသားကြီး ဒန်နီရဲလ်ခရက်ကို ဂျိမ်းစဘွန်း မင်းသားအဖြစ် ပြန်လည် သရုပ်ဆောင်စေလိုကြောင်း ပြောကြားခဲ့သည်။
“ထုတ်လုပ်သူတွေဟာ ဒန်နီရဲလ် ပြန်လာဖို့ မျှော်လင့်နေကြတယ်ဆိုတာ ကျွန်တော်သိတယ်။ ”ဟု ထုတ်လုပ်သူ ကာလမ်မက်ဒူဂေါက BBC Radion 4၏ “ Today” အစီစဉ်ကို ပြောကြားခဲ့သည်။ ဒန်နီရဲလ်သည် စတင် သရုပ်ဆောင်ခဲ့သော Casinao Royale ၊ Quantum of Solace နှင့် Skyfall နှင့် Spectre ရုပ်ရှင်ကား လေးကား အပါအဝင် ဂျိမ်းစဘွန်းရုပ်ရှင် ကိုးကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သည်။
ဂျမ်းစဘွန်း ရုပ်ရှင်ကား နှစ်ကားတွင် ပါဝင် သရုပ်ဆောင်ပေးရန် ဒန်နီရဲလ်ခရက်ကို အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကမ်းလှမ်းခဲ့ကြောင်း မကြာသေးမီက သတင်းများ ထွက်ပေါ်ခဲ့သည်။
အီဒရစ်အယ်လ်ဘာ ၊ တွမ်ဟစ်ဒဲလ်ဆတန် နှင့် ဂျိမ်းစ်နော်တန်တို့သည် ဂျိမ်းစဘွန်းဇာတ်ရုပ်ကို သရုပ်ဆောင်ရန်အတွက် ရေပန်းစားနေကြသည်။
ဂျိမ်းစဘွန်း မင်းသားသစ်သည် မည်သူမည်ဝါ ဖြစ်လာနိုင်သလဲဟု မက်ဒူဂေါကို မေးမြန်းခဲ့ရာ နာမည် အတိအကျကို ပြောဆိုခဲ့ခြင်း မရှိပေ။
ဒန်နီရဲလ်ခရက်က Spectre ရုပ်ရှင်ကားသည် ဂျိမ်းစဘွန်းအဖြစ် ပါဝင်သရုပ်ဆောင်သည့် နောက်ဆုံး ရုပ်ရှင်ကားဖြစ်လာနိုင်ကြောင်း ပြောကြားပြီးချိန်မှစ၍ ဂျိမ်းစဘွန်း မင်းသားသစ် မည်သူဖြစ်လာနိုင် သည်ဟူသော သတင်းသည် တစ်ချိန်လုံးနီးပါး ပြောင်းလဲမှုများရှိနေသည်။