Asian iTunes တေးဂီတဇယား လေးခုတွင် နံပါတ်တစ် နေရာမှ ရပ်တည်နေတဲ့ Apink အဖွဲ့

Asian iTunes တေးဂီတဇယား လေးခုတွင် နံပါတ်တစ် နေရာမှ ရပ်တည်နေတဲ့ Apink အဖွဲ့

ဆိုးလ်၊ စက်တင်ဘာ ၂၈ ။                   ။ တောင်ကိုရီးယား အမျိုသမီး အဆိုတော်အဖွဲ့ Apink အဖွဲ့၏ “Pink Revolution” တေးအယ်လ်ဘမ်သည် စက်တင်ဘာ ၂၇ ရက်က Hanteo  နှင့်  Shin Nara ပြည်တွင်း တေးအယ်လ်ဘမ်ဇယားအပြင်  Asian iTunes တေးဂီတ ဇယားလေးခုတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။

ယင်နေ့တွင်ပင် “Pink Revolution” တေးအယ်လ်ဘမ်သည် ဟောင်ကောင် ၊ မလေးရှား ၊ စင်္ကာပူ နှင့် ထိုင်းနိုင်ငံတို့တွင် နံပါတ်တစ်နေရာကို ရရှိခဲ့သည်။ အဆိုပါ တေးအယ်လ်ဘမ်သည် ထိုင်ဝမ်တွင် နံပါတ် နှစ်နေရာ ၊ အင်ဒိုနီးရှားတွင် နံပါတ် သုံးနေရာ နှင့် ဂျပန်နိုင်ငံတွင် နံပါတ်ရှစ် နေရာမှ ရပ်တည်နေသည်။

ခေါင်းစီးတေးသီချင်း “Only You”သည် တရုတ်နိုင်ငံ တေးဂီတဆိုဒ်များဖြစ်သော  Kugou Music နှင့် Yinyuetai ရှိ   New Songs နှင့်  Music Video တေးဂီတ ဇယားများတွင် နံပါတ်တစ် နေရာတွင် ရပ်တည်နေသည်။ Kugou တေးဂီတဆိုဒ်သည်  Kuwo  ၊ QQ တို့နှင့်အတူ တရုတ်နိုင်ငံရှိ ထိပ်တန်း တေးဂီဇယား သုံးခုတွင် ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags