အိန္ဒိယ အလယ်ပိုင်း တွင်မော်ဝါဒီ သူပုန်များက ရဲအရာရှိလေးဦး ကိုပြန်ပေးဆွဲ

အိန္ဒိယ အလယ်ပိုင်း တွင်မော်ဝါဒီ သူပုန်များက ရဲအရာရှိလေးဦး ကိုပြန်ပေးဆွဲ

ရိုင်ပူ၊ ဇူလိုင်-၁၄ ။    ။ အိန္ဒိယနိုင်ငံ၏ မငြိမ်မသက်ဖြစ်နေသည့် ချဟတ်တစ်ဂါပြည်နယ်တွင် တနင်္လာနေ့ ကမော်ဝါဒီ သူပုန်များက ခရီးသည်တွင် ဘတ်စ်ကားတစ်စင်းကို ပိတ်ဆို့ တားဆီးပြီးနောက် ရဲအရာရှိ၄ဦးကို ပြန်ပေးဆွဲ သွားခဲ့သည်ဟု ထိပ်တန်း ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ဘီဇပူခရိုင်အတွင်းရှိ ခူထရုရွာကို ဖြတ်သန်းစဉ်တွင် ရဲအရာရှိများကို ပို့ဆောင်လာသည့် ဘတ်စ်ကားကို ပြောက်ကျားသူပုန်များက တားဆီးရပ်တန့်စေခဲ့သည်ဟု အကြီးတန်းရဲအရာရှိက ပြောကြားခဲ့သည်။

''တနင်္လာနေ့ညနေခင်းက ရဲအရာရှိ၄ဦးကို မော်ဝါဒီသူပုန်တွေက ပြန်ပေးဆွဲသွားခဲ့တယ်''ဟု ရဲ ညွှန်ကြားရေးမှူးချုပ် အမာနတ် ဥပတ်ဒယာယာက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

မော်ဝါဒီဆန့်ကျင်ရေး စစ်သွေးကြွအုပ်စုဖြစ်သည့် ဆယ်ဝါ ဂျူဒမ်တို့ စတင်လှုပ်ရှားလာခဲ့သည်မှာမှာလည်း ခုထရုရွာ တွင်ပင်ဖြစ် သည်။ ခုထရုမှာ မော်ဝါဒီသူပုန်များ လွှမ်းမိုးရာဒေသဖြစ်ပြီး ပြည်နယ်မြို့တော် ရိုင်ပူ၏ တောင်ဘက် ၅၂၅ကီလိုမီတာ (၃၂၆မိုင်) အကွာတွင် ရှိသည်။

ဆင်းရဲသားတိုင်းရင်းသားလူနည်းစုနှင့် လယ်သမားများ၏ အခွင့်အရေးများအတွက် တိုက်ပွဲဝင်နေသည် ဟုကြွေးကြော်နေသောမော်ဝါဒီ သူပုန်များမှာ အစိုးရ၏ အာဏာစက်ကို ဖယ်ရှားရန်အတွက် အိန္ဒိယအလယ်ပိုင်းနှင့် အရှေ့ပိုင်းတစ်ခွင်တွင် ဆယ်စုနှစ်နှင့်ချီပြီး တိုက်ပွဲများ ဆင်နွှဲလာနေခဲ့သည်။

အစိုးရကလည်း မော်ဝါဒီသူပုန်ထမှုကို နိုင်ငံ၏ အရေးအကြီးဆုံးသော ပြည်တွင်း လုံခြုံရေးအန္တရာယ်အဖြစ် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly