ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးကို မေ့ထားရန် ပေါ့ဂ်ဘာကို မော်ရင်ဟိုတိုက်တွန်း

ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးကို မေ့ထားရန် ပေါ့ဂ်ဘာကို မော်ရင်ဟိုတိုက်တွန်း

စက်တင်ဘာ ၁၇၊ မန်ချက်စတာ။ ။                 ။ မန်ချက်စတာယူနိုက်တက် နည်းပြမော်ရင်ဟိုသည် ပေါ့ဂ်ဘာကို ၎င်း၏ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးပေါင် ၈၉ သန်းကို မေ့ထားစေချင်နေသည်။

အသက် ၂၃ နှစ်အရွယ်ကစားသမားသည် ပြီးခဲ့သည့်လတွင် ဂျူဗင်တပ်မှ ပြန်ရောက်လာပြီးနောက် ယူနိုက်တက်အတွက် ဂိုးသွင်းနိုင်ခြင်း၊ ဂိုးဖန်တီးနိုင်ခြင်း မရှိသေးသူဖြစ်သည်။

နွေရာသီအတွင်း ငွေအမြောက်အမြားသုံးစွဲခဲ့သည့် ယူနိုက်တက်၏ကြွယ်ဝမှုနှင့်ဆက်စပ်ပြီး ပေါ့ဂ်ဘာ၏ပြောင်းရွှေ့ကြေးကို ပြောဆိုနေကြခြင်းမှာ မမျှတဟုယူဆနေသည့် မော်ရင်ဟိုက ကစားသမား၏   ခြေစွမ်းအပေါ်ယုံကြည်နေဆဲဖြစ်သည်။

“ကမ္ဘာ့စံချိန်တင်ကစားသမားဟာ အမြဲမေးခွန်းထုတ်ခံရတတ်ပေမယ့် ကျွန်တော်ကတော့ ပေါ့ဂ်ဘာကို အဲဒီအကြောင်း မေ့ထား စေချင်ပါတယ်”ဟု ပေါ်တူဂီလူမျိုးမော်ရင်ဟိုက ပြောသည်။

ယူနိုက်တက်၏ကြွယ်ဝမှုနှင့် ရာခိုင်နှုန်းအချိုးချ ကြည့်ပါက ပေါ့ဂ်ဘာအတွက်သုံးစွဲရသည့်ရာခိုင်နှုန်းမှာ ၁၉၆၂ နှင့် ၁၉၈၁ တွင် တိုရီနို၊ ဝက်စ်ဘရွန်းတို့ထံမှ ဒင်းနစ်လောနှင့် ဘရိုင်ယန်ရော့ဘ်ဆင် တို့ကို   ခေါ်ယူစဉ်ကထက် နည်းပါးသည်။

သို့သော် မန်စီးတီးနှင့် ဖီယင်နုတို့ကို ဆက်တိုက်ရှုံးလိုက်သည့်အခါ ပေါ့ဂ်ဘာအတွက် ပြောင်းရွှေ့ကြေးများစွာသုံးစွဲထားခြင်းမှာ ပြောစရာဖြစ်လာခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly