ကက်ရှ်မီးယား၊ စက်တင်ဘာ ၁၃ ။ ။ အိန္ဒိယ ထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသတွင် မွတ်စလင်များအား အိဒ်ပွဲတော်အား အကန့်အသတ်များ ချထားသည်။
အရေးပါသည့် ဗလီအချို့တို့သွားရာ လမ်းများအား လုံခြုံရေးတပ်ဖွဲ့များကို ပိတ်ထားသဖြင့် စက်တင်ဘာ ၁၃ ရက်တွင် ဆူပူအကြမ်းဖက်မှုဖြစ်ပြီး ဆန္ဒပြသူတစ်ဦး သေဆုံးကာ ၂၂ ဦး ဒဏ်ရာရသည်။
မိုဘိုင်းဆက်သွယ်ရေးများလည်း ရပ်ဆိုင်းထားသည်။ အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားတွင် အိဒ်ပွဲတော်အား ကန့်သတ်ခြင်းများက အလွန်ဖြစ်ခဲသည်။
ယခုကဲ့သို့ ပိတ်ပင်ရခြင်းသည် ခွဲထွက်ရေးသမားများက သီရိနာဂါရှိ ကုလသမဂ္ဂ စောင့်ကြည့်ရေးအဖွဲ့များသို့ စုရုံးချီတက်ခြင်းများ မလုပ်ဆောင်နိုင်အောင်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အိဒ်ပွဲတော်အား မွတ်စလင်များ အထွဋ်အမြတ်ထားရာ အက်ဒါနှင့် ဟာဇရတ်ဘယ် နေရာများတွင် ကျင်းပခွင့် မရှိဘဲဖြစ်ခဲ့ရာ နှစ်ပေါင်း ၂၆ နှစ်အတွင်း ပထမဆုံးဖြစ်ကြောင်း Press Trust of India သတင်းအေဂျင်စီက ဖော်ပြသည်။
အိဒ်ပွဲတော် အကြိုနေ့တွင် ယခင်နှစ်များထက် ဈေးများက ဆိုင်ခန်းအနည်းအကျဉ်းသာ ဖွင့်ကြ၍ ခြောက်ကပ်ကပ်ဖြစ်နေကြောင်း ကက်ရှ်မီးယားမီဒီယာက ဖော်ပြသည်။
စက်တင်ဘာ ၁၃ ရက်က ဖြစ်ပွားသည့် ထိပ်တိုက်ပဋိပက္ခဖြစ်ပွားမှုသည် ကက်ရှ်မီးယား မြောက်ပိုင်းက ဘန်ဒီပိုရာအရပ်၊ တောင်ပိုင်းက ရှိုပီအန်းအရပ်နှင့် သီရိနာဂါအရပ်များတွင် ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြားဖြစ်ပွားရာ လုံခြုံရေးတပ်ဖွဲ့များက မျက်ရည်ယိုဗုံးများ၊ ရော်ဘာကျည်များဖြင့် ဖြိုခွင်းခဲ့သည်။
ဘန်ဒီပိုရာအရပ်က ထိပ်တိုက်တွေ့မှုတွင် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးကြောင်း သိရသည်။