9/11 အကြမ်းဖက်မှုမျိုး နောက်ထပ် အကြိမ်ပေါင်း ထောင်နှင့်ချီ ထပ်မံလုပ်ဆောင်မည်ဟု အယ်လ်ကိုင်ဒါ ခေါင်းဆောင်က အမေရိကန်ကို ခြိမ်းခြောက်ပြောကြား

9/11 အကြမ်းဖက်မှုမျိုး နောက်ထပ် အကြိမ်ပေါင်း ထောင်နှင့်ချီ ထပ်မံလုပ်ဆောင်မည်ဟု အယ်လ်ကိုင်ဒါ ခေါင်းဆောင်က အမေရိကန်ကို ခြိမ်းခြောက်ပြောကြား

စက်တင်ဘာ ၁၀ ။                        ။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ကဲ့သို့ အလားတူ တိုက်ခိုက်မှု အကြိမ်ရေ ထောင်ပေါင်းများစွာ ထပ်မံ လုပ်ဆောင်နိုင်သည်ဟု အယ်လ်ကိုင်ဒါ ခေါင်းဆောင်က အမေရိကန်ကို ခြိမ်းခြောက်ပြောကြားလိုက်သည်။

ယခုနှစ် စက်တင်ဘာ ၁၁ ရက် ယင်းဖြစ်စဉ် ၁၅ နှစ်ပြည့်မြောက်မည့် အထိမ်းအမှတ် ဗီဒီယိုတစ်ခုကို ထုတ်လွှင့်ခဲ့ရာတွင် အယ်လ်ကိုင်ဒါ ခေါင်းဆောင် အန်မန် အယ်လ်ဇာဝါဟီရီက အထက်ပါအတိုင်း ခြိမ်းခြောက်ပြောဆိုလိုက်ခြင်းဖြစ်သည်။

" ကျုပ်တို့အပေါ်မှာ ခင်ဗျားတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့်သာ အဲဒီ 9/11 ဖြစ်စဉ် ပေါ်ပေါက်ခဲ့ရတာဖြစ်တယ်" ဟု အယ်လ်ဇာဝါဟီရီက စက်တင်ဘာ ၈ ရက်တွင် ယူကျူ့သို့ တက်လာသည့် ဗီဒီယိုထဲတွင် ပြောကြားခဲ့သည်ဟု သိရသည်။

အမေရိကန်တို့ဘက်မှ မိမိတို့အပေါ် အရင်အတိုင်း ထပ်မံကျူးလွန်နေမယ်ဆိုပါက 9/11 ဖြစ်စဉ်မျိုး နောက်ထပ် အကြိမ်ပေါင်း ထောင်ပေါင်းများစွာ ထပ်ဖြစ်လာနိုင်ဟု ၎င်းက ခြိမ်းခြောက်သွားသည်။

ဝါရှင်တန် အစိုးရအနေဖြင့် အာရတ်ဘ်နှင့် မွတ်ဆလင် နိုင်ငံများအပေါ်တွင် ထားရှိသော မူဝါဒများ လွဲမှားနေကြောင်း၊ ယင်းနိုင်ငံများရှိ နယ်မြေများကို ဝင်ရောက်စီးနင်း သိမ်းပိုက်ထားကြောင်းနှင့် အစိုးရများကိုလည်း အကျင့်ပျက်ပြီး ပြစ်မှုများ ကျူးလွန်နိုင်ရန် ပံ့ပိုးပေးနေကြောင်း ၎င်းက အမေရိကန်အစိုးရက ပြစ်တင်သွားခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အမေရိကန်တို့၏ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ပြန်ပေးဆွဲ လေယာဉ်ဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် လူပေါင်း ၂,၇၅၃ ဦး အသက်ဆုံးရှုံး ထားခဲ့ရသည့်အပြင် ပင်တဂွန် စစ်ဌာနချုပ်ကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags