အရေးပါဆုံး အိုင်အက်စ်ခေါင်းဆောင်တစ်ဦး အလီပိုမြို့တွင် သုတ်သင်ခံရ

အရေးပါဆုံး အိုင်အက်စ်ခေါင်းဆောင်တစ်ဦး အလီပိုမြို့တွင် သုတ်သင်ခံရ

အလီပို၊ သြဂုတ် ၃၁ ။             ။ ဆီးရီးယားနိုင်ငံအတွင်း အိုင်အက်စ်အဖွဲ့တွင် ကာလကြာမြင့်စွာတာဝန်ထမ်းခဲ့သူနှင့် အရေးပါဆုံးသူများမှ တစ်ယောက်ဖြစ်သည့် အိုင်အက်စ်ခေါင်းဆောင်တစ်ဦး   သေဆုံးကြောင်း အိုင်အက်စ်နှင့် ချိတ်ဆက်သည့် မီဒီယာက ပြောသည်။

အမတ်နယူးစ်အေဂျင်စီက အဘူမိုဟာမတ်အယ်အက်နန်နီ အလီပိုပြည်နယ်အတွင်း သေဆုံးခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ဘတ်မြို့အနီးတွင် အက်နန်နီကို ပစ်မှတ်ထားပြီး တိကျသည့်   လေကြောင်း ထိုးစစ်တစ်ရပ် ဆင်နွှဲခဲ့ကြောင်း၊ သို့သော်လည်း ရလဒ်ကို ချင့်တွက်နေဆဲဖြစ်ကြောင်း ပင်တဂွန်က ပြောသည်။

“အလီပိုကို လာရောက်တိုက်ခိုက်မှုမှာ ကြံ့ကြံ့ခိုင်တွန်းလှန်နေတဲ့ သူရဲကောင်းတစ်ဦးပါ”ဟု အမတ်သတင်းက ဖော်ပြသည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အလီပိုတွင် တိုက်ပွဲများ အရှိန်မြင့်ဖြစ်ပွားပြီး အစိုးရတပ်များက မြို့တွင်းအထိ ဝင်ရောက်လာနိုင်ပြီး ဆီးရီးယားနှင့် ရုရှစစ်လေယာဉ်များကလည်း သူပုန်သိမ်းပိုက်ရာ နယ်မြေများကို လေကြောင်းတိုက်ခိုက်မှုများ ဆောင်ရွက်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly