မြန်မာကိုယ်ဝန်သည်တစ်ဦး လမုန့်အတွင်း မူးယစ်ဆေးဝါးများ သွတ်သွင်းကာ တင်သွင်းသဖြင့် တရုတ်တွင် ဖမ်းဆီးခံရ

မြန်မာကိုယ်ဝန်သည်တစ်ဦး လမုန့်အတွင်း မူးယစ်ဆေးဝါးများ သွတ်သွင်းကာ တင်သွင်းသဖြင့် တရုတ်တွင် ဖမ်းဆီးခံရ

လမုန့်အတွင်း မူးယစ်ဆေးဝါးများ သွတ်သွင်းတင်ဆောင်လာသည့် မြန်မာနိုင်ငံမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသည်။ အလေးချိန် ၃ ကီလိုဂရမ်ရှိသော မူးယစ်ဆေးဝါးများကို လမုန့်အခု ၈၀ ထဲ သွတ်သွင်းကာ တင်ဆောင်လာခြင်းဖြစ်ပြီး တရုတ်အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင်းသို့ တင်သွင်းလာခြင်းဖြစ်သည်။

အဆိုပါ အမျိုးသမီးမှာ လီဆိုသူဖြစ်ပြီး ကိုယ်ဝန်လေးလလွယ်ထားရခြင်းကြောင့် အာမခံပေးထားကြောင်းဌာနေသတင်းဝက်ဘ်ဆိုက်တစ်ရပ်တွင် ဖော်ပြသည်။ ၎င်းအား သြဂုတ် ၁၅ ရက်က   ပြည်နယ်မြို့တော်  ကူမင်း၌ လူနေအိမ်ဝင်းတစ်ခုအတွင်း ဖမ်းဆီးရမိခြင်းဖြစ်သည်။
ကတ္ထူ ပုံးကြီးနှစ်ပုံးအတွင်း လမုန့်များထည့်ကာ ပါကင်ပိတ်ထားသည့် ဘူး ၂၀ ကို မူးယစ်တိုက်ဖျက်ရေး ရဲအဖွဲ့က တွေ့ရှိကာ ice မူးယစ်ဆေးဝါး ၂၉၈၉ ဒဿမ ၉ ဂရမ်ကို တွေ့ရှိခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။
တရားခံဖြစ်သူ လီက သူ့သူဌေး(မည်သူမည်ဝါမှန်း မပြော)က တရုတ်မှတ်ပုံတင်ကတ် အတုထုတ်ပေးပြီး ကူမင်းသို့ မူးယစ်ဆေးဝါးများ ကုန်ကူးခိုင်းခြင်းဖြစ်ကြောင်း ပြောသည်။ မူးယစ်ဆေးဝါး တင်သွင်း   ပေးခအဖြစ်   ယွမ် ၅၀၀၀ (အမေရိကန်ဒေါ်လာ ၇၅၀) ပေးမည်ဟုလည်း ပြောကြောင်း လီက ဆိုသည်။

စုံစမ်းစစ်ဆေးမှုများအား ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly