သြဂုတ် ၂၆၊ အင်္ဂလန် ။ ။ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်းနည်းပြ ရာနီရေရီက ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များတွင် မထင်မှတ်တာတွေကို နောက်တစ်ကြိမ် လုပ်ပြဦးမည်ဟု ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ကြာသပတေးနေ့က မိုနာကိုတွင် ချန်ပီယံလိဂ်အုပ်စုအဆင့် မဲခွဲပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ရာနီရေရီ၏ လက်စတာအသင်းသည် ပေါ်တို၊ ဘရုဂျက်၊ ကိုပင်ဟေဂင်တို့နှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး အုပ်စုအနေအထားကောင်းမွန်ခဲ့သည်။ ထို့ကြောင့် ရာနီရေရီမှာ လက်စတာအသင်းနောက်တစ်ဆင့်တက်နိုင်မည်ဟု ယုံကြည်လျက်ရှိသည်။
‘ကျွန်တော်နောက်တစ်ကြိမ်ပြောပါမယ်။ လက်စတာအသင်းဟာ မထင်မှတ်တာတွေလုပ်ပြနိုင်ပါတယ်။ ဒီအကြောင်းပြချက်ကြောင့်ပဲ အရာရာကို ရင်ဆိုင်တိုက်ခိုက်သွားမှာပါ။
ပေါ်တို၊ ဘရုဂျက်နဲ့ ကိုပင်ဟေဂင် ပရိသတ်တွေလို လက်စတာပရိသတ်တွေလည်း ဥရောပကို လှည့်လည်ပြီး သူတို့အသင်းကို အားပေးဖို့ ထိုက်တန်ပါတယ်’ ဟု ရာနီရေရီက ပြောသည်။
ထို့အပြင် အီတလီနည်းပြကြီးက ၎င်းတွင် ချန်ပီယံလိဂ်အတွေ့အကြုံများရှိပြီး ထိုအတွေ့အကြုံများကို ကစားသမားများအား သွန်သင်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်စတာအသင်းနှင့်အတူ ပရိသတ်များ ဥရောပကို လိုက်လံအားပေးကြမည်ကို ဂုဏ်ယူကျေနပ်မိကြောင်းဆိုခဲ့သည်။
၂၀၁၆-၁၇ ချန်ပီယံလိဂ် အုပ်စုများ
အုပ်စု(A)
ပီအက်စ်ဂျီ(ပြင်သစ်)၊ အာဆင်နယ်(အင်္ဂလန်)၊ ဘေဆယ်(ဆွစ်ဇာလန်) လူဒိုဂိုရက်စ်(ဘူလ်ဂေးရီးယား)
အုပ်စု(B)
ဘီဆစ်တပ်(တူရကီ)၊ ဒိုင်နမိုကိဗ်(ယူကရိန်း)၊ ဘင်ဖီကာ(ပေါ်တူဂီ)၊ နာပိုလီ(အီတလီ)
အုပ်စု(C)
ဘာစီလိုနာ(စပိန်)၊ မန်စီးတီး(အင်္ဂလန်)၊ မိုချင်ဂလတ်ဘတ်(ဂျာမနီ)၊ ဆဲလ်တစ်(စကော့တလန်)
အုပ်စု(D)
ဘိုင်ယန်မြူးနစ်(ဂျာမနီ)၊ အက်သလက်တီကို(စပိန်)၊ ပီအက်စ်ဗွီ(ဟော်လန်)၊ ရော့စ်တော့ဗ်(ရုရှ)
အုပ်စု(E)
မိုနာကို(ပြင်သစ်)၊ လီဗာကူဆင်(ဂျာမနီ)၊ စီအက်စ်ကေအေ(ရုရှ)၊ စပါး(အင်္ဂလန်)
အုပ်စု(F)
ဒေါ့တ်မွန်(ဂျာမနီ)၊ ရီးယဲလ်(စပိန်)၊ လီဂါဝါဆော(ပိုလန်)၊ စပို့တင်းလစ္စဘွန်း(ပေါ်တူဂီ)
အုပ်စု(G)
လက်စတာ(အင်္ဂလန်)၊ ပေါ်တို(ပေါ်တူဂီ)၊ ဘရုဂျက်(ဘယ်လ်ဂျီယံ)၊ ကိုပင်ဟေဂင်(ဒိန်းမတ်)
အုပ်စု(H)
ဂျူဗင်တပ်စ်(အီတလီ)၊ ဆီဗီလာ(စပိန်)၊ လိုင်ယွန်(ပြင်သစ်)၊ ဒိုင်နမိုဇာဂရက်(ခရိုအေးရှား)
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း