ရေကြီးမှုများကြောင့် လူရှစ်ဦးသေဆုံးကာ ၄၃၀၀၀၀ ကျော်ထက်မနည်း နေရာပြောင်းရွှေ့ရ

ရေကြီးမှုများကြောင့် လူရှစ်ဦးသေဆုံးကာ ၄၃၀၀၀၀ ကျော်ထက်မနည်း နေရာပြောင်းရွှေ့ရ

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် ကြုံတွေ့နေသော ရေကြီးမှုများအတွင်း သေဆုံးသူ အနည်းဆုံး ရှစ်ဦးရှိပြီး အိုးအိမ်စွန့်ခွာရွှေ့ပြောင်းရသူပေါင်း ၄၃၀၀၀၀ ကျော်ထက်မနည်းရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

မပြီးခဲ့သည့် လကစ၍ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် အဓိကမြစ်ကြီးသုံးခုတစ်လျှောက်ရှိ ဒေသကိုးခုတွင် ရေကြီးမှုများ ဖြစ်ပေါ်ရင်ဆိုင်နေရခြင်းဖြစ်သည်။

တစ်ချို့သော ဒေသများတွင် ရေပြန်ကျသွားပြီး ယာယီခိုလှုံရေးစခန်းများ ပိတ်ရသော်လည်း နိုင်ငံတောင်ပိုင်း မြေနိမ့်ရာဒေသများတွင် ရေတိုးကာ မြင့်တက်နေခြင်းကြောင့် ရေဘေးဒုက္ခသည် အများအပြားရှိနေဆဲဖြစ်သည်။

ရေဘေးအဆိုးဝါးဆုံးကြုံတွေ့နေသည်က ဧရာဝတီတိုင်းဒေသကြီးအတွင်းဖြစ်ကာ အိုးအိမ်ရွှေ့ပြောင်းရသူပေါင်း ၂၁၀၀၀၀ ကျော်ထက်မနည်းရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရသိရသည်။

မုတ်သုံရာသီတွင် မြန်မာနိုင်ငံအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားတတ်သည်။ ပြီးခဲ့သည့်နှစ်က ကြုံတွေ့ခဲ့သည့် မြန်မာနိုင်ငံ ရေကြီးမှုတွင် သေဆုံးသူပေါင်း ၁၀၀ ကျော်ထက်မနည်းရှိကာ ရေဘေးဒုက္ခရင်ဆိုင်ရသူပေါင်း တစ်သန်းကျော် ရှိခဲ့ကြောင်း အစိုးရက ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly