ဘန်ကောက်၊ သြဂုတ် ၁၃ ။ ။ ထိုင်းနိုင်ငံတွင်း ဗုံးခွဲတိုက်ခိုက်မှုများဖြစ်၍ လေးဦးသေဆုံးပြီးနောက် လူနှစ်ဦးကို ဟွာဟင်အပန်းဖြေမြို့က ရဲဌာနက ဖမ်းဆီးထားသည်။
၂၄ နာရီအတွင်း ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားရာတွင် ဟွာဟင်မြို့၌ လူနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ ယခုဖမ်းဆီးမှုနှင့် ပတ်သက်ကာ နောက်ထပ်သတင်းအချက်အလက်ထုတ်ပြန်ခြင်း မရှိပေ။
ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွားလာရောက်မှုများသော ဖူးခက်တွင်လည်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ ဗုံးခွဲတိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး လုပ်ဆောင်ကြောင်း မည့်သည့်အဖွဲ့ကမျှ ကြေညာသေးခြင်း မရှိသော်လည်း အိုင်အက်စ်တို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယူဆထားသည်။
ထိုင်းနိုင်ငံတွင် ဘုရင်မင်းမြတ်၏ မိဖုရားကြီး မွေးနေ့အခါသမယတွင် ဗုံးဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းလည်းဖြစ်သည်။
ထိုတိုက်ခိုက်မှုများအတွင်း ဂျာမနီသုံးဦး၊ အီတလီသုံးဦးနှင့် သြစတြီးယားတစ်ဦးနှင့် နယ်သာလန် သုံးဦး ဒဏ်ရာရခဲ့သည်။
ဗုံးခွဲတိုက်ခိုက်မှုများက ကမ္ဘာ့လှည့်ခရီးသွားများ လာရောက်မှုများရာ ဒေသများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်။
ဟွာဟင်တွင် တစ်ရက်တွင်း ဗုံးလေးကြိမ်ပေါက်ကွဲကာ လူနှစ်ဦးသေဆုံးသည်။
ဆူရတ်ဌာနီတွင် ဗုံးနှစ်လုံးပေါက်ကွဲပြီး လူတစ်ဦး သေဆုံးကာ တာရန်းတွင် ဗုံးတစ်ကြိမ်ပေါက်၍ လူတစ်ဦးသေဆုံးသည်။
ဖူခတ်ကမ်းခြေတွင် ဗုံးနှစ်လုံးပေါက်ကွဲပြီး ပန်ငပြည်နယ်ကမ်းခြေတွင်လည်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။