တောင်ကိုရီးယား အမျိုးသမီး အဆိုတော်အဖွဲ့ 2NE1 အဖွဲ့ဝင် CL သည် ဂျပန်နိုင်ငံ၏ အကြီးဆုံး ဖက်ရှင်ရှိုးပွဲ “Tokyo Girls’ Collection 2016 Autumn / Winter” တွင် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း ၎င်း၏ အေဂျင်စီ YG အင်တာတိန်းမန့်က ပြောကြားသည်။
၂၃ ကြိမ်မြောက် “Tokyo Girls’ Collection 2016 Autumn / Winter” ကို ဂျပန်နိုင်ငံရှိ Saitama အားကစားကွင်း၌ စက်တင်ဘာလတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။
CL သည် များပြားလှသော ပြည်ပနိုင်ငံများသို့ သွားရောက် ဖျော်ဖြေမှုများမှတစ်ဆင့် တစ်ကိုယ်တော် အဆိုတော်အဖြစ် ကမ္ဘာလုံးဆိုင်ရာ အတွေ့အကြုံကို ပျိုးထောင်လျက်ရှိသည်။ CL သည် ၂၀၁၅ ခုနှစ်က အောင်မြင်ကျော်ကြားသော ဒီဂျေသမား ဒစ်ပလို အစီစဉ်မှူးအဖြစ် ဆောင်ရွက်သော “Mad Decent” တေးဂီတပွဲတော်တွင် ပါဝင် ဖျော်ဖြေခဲ့ဖူးသည်။
CL သည် လက်ရှိအချိန်တွင် ဂျက်စတင်ဘီဘာနှင့် အရီနာဂရေ့ဒ်တို့ကို တာဝန်ယူလုပ်ဆောင်ပေးနေသော စကူတာဘရန်နှင့် အမေရိကတွင် ပွဲဦးထွက် ဖျော်ဖြေပွဲလုပ်ဆောင်ရန် ပြင်ဆင်လျက် ရှိသည်။
CL ၏ တေးသီချင်း “Hello Bitches” သည် ကမ္ဘာလုံးဆိုင်ရာ တေးသီချင်းနားဆင်မှု ဝက်ဆိုဒ် Spotify တွင် နံပါတ်တစ်နေရာတွင် ရပ်တည်ခဲ့ပြီး CL သည် လွှမ်းမိုးမှုအရှိဆုံးလူ ၁၀၀ စာရင်း “Time 100” အတွက် ရွေးချယ်ခံထားရသူ ဖြစ်လာသည့် ပထမဆုံး ကိုရီးယားအမျိုးသမီး အဆိုတော်ဖြစ်ကြောင်း အမရိကန် အပတ်စဉ်ထုတ် Time မဂ္ဂဇင်းက ထုတ်ပြန်သည်။
ရင်းမြစ် - ကေပေါ့ဟာရယ်