သြဂုတ် ၄၊ အီတလီ ။ ။ စပါးအသင်းမှ အာဂျင်တီးနားနောက်ခံကစားသမား ဖက်ဒရီကိုဖာဇီယိုသည် ရိုးမားအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီ ဖြစ်သည်။
အသက် ၂၉ နှစ်အရွယ်ရှိ ဖာဇီယိုသည် စပါးနည်းပြ ပိုချက်တီနို၏ ဦးစားပေးကစားသမားမဟုတ်ဘဲ ပြီးခဲ့သည့်ရာသီကလည်း ရာသီဝက်ကို ဆီဗီလာအသင်းတွင် အငှားသွားရောက်ကစားခဲ့ရသည်။ ဖာဇီယို၏အငှားစာချုပ်အတွက် ရိုးမားအသင်းသည် စပါးအသင်းကို ပေါင်တစ်သန်းပေးချေရမည် ဖြစ်သည်။ ရာသီအကုန်တွင် ဖာဇီယို၏ခြေစွမ်းကို နှစ်သက်ပါက ပေါင် ၂.၆၈ သန်းဖြင့် အပြီးသတ်ဝယ်ယူနိုင်မည် ဖြစ်သည်။
ဖာဇီယိုသည် ၂၀၁၄ ခုနှစ်က ဆီဗီလာမှ စပါးအသင်းသို့ရောက်ရှိလာသူဖြစ်ပြီး သူ၏ပထမဆုံးရာသီတွင် ပွဲ ၂၀ ပါဝင်ကစားခွင့် ရရှိခဲ့သည်။ သို့သော် ပြီးခဲ့သည့်ရာသီက နည်းပြပိုချက်တီနိုမှာ ၎င်းကို ပုံမှန်အသုံးပြုခြင်း မရှိခဲ့ပေ။
ရိုးမားအသင်းသည် ချယ်လ်ဆီးမှ တောင်ပံကစားသမား မိုဟာမက်ဆာလက်ရှ်ကို အပြီးသတ်ခေါ်ယူထားပြီ ဖြစ်ပြီး အာဆင်နယ်ဂိုးသမား ဆက်ဇီနီကိုလည်း အပြီးသတ်ခေါ်ယူနိုင်ရန် ကြိုးပမ်းနေသည်။ ဆက်ဆီနီသည် အာဆင်နယ်တွင် ပီတာချက်ကြောင့် ပထမဂိုးသမားနေရာပျောက်ဆုံးခဲ့ရပြီး ပြီးခဲ့သည့်ရာသီက ရိုးမားသို့အငှားလာရောက်ကစားနေသူ ဖြစ်သည်။
ရည်ညွှန်း ဒေးလီးမေးလ်