ဇူလိုင် ၃၁၊ လန်ဒန်။ ။ အပြောင်းအရွှေ့ဈေးကွက်အတွင်း အာဆင်နယ်အသင်းကို အင်အားဖြည့်တင်းရန် သင့်တော်သည့်ကစားသမား ရှားပါးနေသည်ဟု အာစင်ဝင်းဂါးက ပြောသည်။
ပြင်သစ်လူမျိုးနည်းပြသည် ဒဏ်ရာရနေသည့် မာတီဆက်ကာနေရာတွင် အစားထိုးရန်ကစားသမားသစ်ရှာမည်ဟု ပြောထားသော်လည်း အခြားရာသီများကကဲ့သို့ပင် အပြောင်းအရွှေ့သတင်းနှင့်ပတ်သက်ပြီး တိတ်ဆိတ်လျှက်ရှိနေသည်။
လက်ရှိတွင် ဇာကာကို ပေါင် ၃၅ သန်းဖြင့်ခေါ်ထားသည့် အာစင်ဝင်းဂါးက လိုအပ်မှသာ ကစားသမားခေါ်မည်ဟု ပြောဆိုထား သည်။
“အသင်းအတွက်အကျိုးရှိစေမယ်လို့ ခံစားရမှသာ ကျွန်တော် ကစားသမားဝယ်ပါတယ်။ အသင်းမှာအင်အားတောင့်တင်းပြီးသား ဖြစ်နေရင် ကစားသမားဝယ်ဖို့မလိုပါဘူး။
ထင်မြင်ယူဆချက်တွေကတော့ အမြဲတမ်းအများကြီးရှိတတ်တာပါပဲ။ ဒီနေ့ခေတ်မှာ လူတွေဟာ သတင်းအချက်အလက်ပိုစုံလာ ကြပြီး ကစားသမားအားလုံးရဲ့ အကြောင်းကို သိကြပါတယ်။
ကစားသမားဝယ်သင့်တယ်လို့ သူတို့ကပြောလာကြပေမယ့် ဘယ်သူ့ကိုဝယ်ရမလဲမေးလိုက်ရင်တော့ ဝယ်သင့်တဲ့လူစာရင်းက နည်းသွားပါတယ်။
ဥရောပဈေးကွက်ကိုကြည့်လိုက်ရင် ငွေတွေတော့အများကြီးတွေ့ရမှာဖြစ်ပေမယ့် အသင်းကိုအကျိုးဖြစ်စေမယ့် ကစားသမား ကတော့ နည်းပါတယ်။
ဥရောပမှာ ငွေသုံးများဆုံးအသင်းတွေကိုကြည့်လိုက်ရင်လည်း အဲဒီအသင်းတိုင်း ချန်ပီယံဖြစ်တတ်တာမဟုတ်ပါဘူး။ ကျွန်တော် တို့ဆီက ကလပ်တွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေက လက်စတာချန်ပီယံဖြစ်တာကို မတားနိုင်ခဲ့ပါဘူး”ဟု အာစင်ဝင်းဂါးက ပြောသည်။
ဈေးကွက်အတွင်းကစားသမားရှာနေဆဲဖြစ်ပြီး ရာသီသစ်မစမီ နောက်တန်းကစားသမားတစ်ဦးခေါ်နိုင်ရန် မျှော်လင့်သည်ဟု လည်း ဝင်းဂါးက ဆိုခဲ့သည်။
Ref; goal.com