ဘင်္ဂလားဒေ့ရှ်တွင် ရဲများ၏ နှိမ်နင်းမှုကြောင့် စစ်သွေးကြွ ကိုးဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်တွင် ရဲများ၏ နှိမ်နင်းမှုကြောင့် စစ်သွေးကြွ ကိုးဦး သေဆုံး

ဇူလိုင် ၂၆ ။         ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အနီးအနားဝန်းကျင်တွင် ခိုလှုံလှုပ်ရှားနေသော စစ်သွေးကြွဂိုဏ်းတစ်ခုကို ဇူလိုင်လ ၂၆ ရက်နံနက်ပိုင်းက ရဲများက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ကိုးဦး သေဆုံးသွားသည်ဟု တာဝန်ရှိသူများက ပြောသည်။

ယင်းနေ့ နံနက်ပိုင်းက အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် သံသယရှိ အစ္စလမ္မစ် အစွန်းရောက် စစ်သွေးကြွ ကိုးဦးကို သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"  နှစ်နာရီလောက်ကြာတဲ့ စစ်ဆင်ရေးအပြီးမှာတော့ စစ်သွေးကြွ ကိုးဦးကို နှိမ်နင်းနိုင်ခဲ့ပါပြီ" ဟု ဒါကာမြို့ ရဲတပ်ဖွဲ့မှ ရဲမင်းကြီး မူဆက်ဒ် အာမက်က ပြောသည်။ တစ်ချိန်တည်းမှာပင် ကယ်ယန်ပူအာ အရပ်အနီး လုပ်ဆောင်ခဲ့သည့် စီးနင်းမှုတစ်ခုတွင်လည်း နောက်ထပ် စစ်သွေးကြွတစ်ဦးကို သတ်ဖြတ် ဖမ်းဆီးနိုင်ခဲ့သည်ဟု ၎င်းက ပြောကြားသွားသည်။

ဇူလိုင်လ ၂၆ ရက်က ဒါကာမြို့ ဧရိယာတွင်းရှိ အဆောက်အအုံတစ်ခုကို ရဲများက ဝိုင်းထားခဲ့ချိန်တွင် သံသယရှိ စစ်သွေးကြွများဘက်က လက်လုပ်ဗုံးတစ်လုံး ပစ်ပေါက်တိုက်ခိုက်လာခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဝင်ရောက်စီးနင်းသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags