တိုက်စစ်မှူးဘရာဟီနိုအတွက် ခရစ္စတယ်ပဲလေ့စ်နှင့်စတုခ်တို့က ပေါင်သန်း ၂၀ ဖြင့်ကမ်းလှမ်းထားခြင်းကို ဝက်စ်ဘရွန်းအသင်း ပယ်ချလိုက်သည်။
အသက် ၂၂ နှစ်အရွယ်ကစားသမားအတွက် ပဲလေ့စ်အသင်းက ပေါင်သန်း ၂၀ နှင့်ထပ်ဆောင်း ၃ သန်း၊ စတုခ်အသင်းက ပေါင် ၁၇ သန်းနှင့် ထပ်ဆောင်း ၃ သန်းဖြင့် ကမ်းလှမ်းထားသည်ဟု ယူဆရသည်။
ဘရာဟီနိုသည် ၂၀၁၄-၁၅ ရာသီက ဂိုး ၂၀ သွင်းနိုင်ခဲ့သော်လည်း ပြီးခဲ့သည့်ရာသီတွင်ရုန်းကန်ခဲ့ရပြီး လေးဂိုးသာသွင်းနိုင်ခဲ့ သည်။
ပဲလေ့စ်အသင်းသည် ဂေလီကိုနယူးကာဆယ်အသင်းထံ ပေါင် ၁၀ သန်းဖြင့်ရောင်းချပြီးနောက် တိုက်စစ်ပိုင်းအတွက် ပြန်လည် အားဖြည့်လိုနေခြင်းဖြစ်သည်။
ဝက်စ်ဘရွန်းအသင်းအနေဖြင့် ဘရာဟီနို၏ပြောင်းရွှေ့ကြေးကိုတိုးမြှင့်ရရှိလိုသည့်အပြင် ၎င်း၏နေရာတွင်အစားထိုးရန် ကစားသမားသစ်မတွေ့မခြင်း ရောင်းချရန် ဆန္ဒမရှိဖြစ်နေသည်။
Ref; BBC