နယူးယော့ခ်၊ ဇူလိုင် ၁၇ ။ ။ အမေရိကန် ရော့ခ်တေးဂီအဖွဲ့ Guns N’ Roses အဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်က သေနတ်ပိုင်ဆိုင်မှုဖြင့် ကနေဒါနယ်စပ်တွင် ထိန်းသိမ်းခံခဲ့ရသော်လည်း Gun N’ Roses အဖွဲ့က သေနတ်သည် ၎င်းတို့ ပိုင်ဆိုင်သော သေနတ်မဟုတ်ကြောင်း ပြောကြားလျက်ရှိသည်။
Guns N’ Roses အဖွဲ့သည် ဇူလိုင် ၁၆ရက်က အွန်တာရီအိုမြို့တွင် ကျင်းပပြုလုပ်မည့် ဖျော်ဖြေပွဲမတိုင်မီ ဇူလိုင် ၁၅ ရက်က Torontoမြို့လေဆိပ်တွင် လက်နက်ပိုင်ဆိုင်မှုဖြင့် ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
အဖွဲ့ခေါင်းဆောင် အက်ဇဲလ်ရို့စ်က Rogers စင်တာတွင် ကျင်းပပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲ၌ ပရိသတ်များကို ပြောကြားခဲ့သည်။” ကျွန်တော်တို့ အဖမ်းခံရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ထိန်းသိမ်းခံခဲ့ရတာပါ။ အကောက်ခွန်အရာရှိတွေက ဖော်ရွေပါတယ်။ သူတို့တွေ နားလည်မှုလည်း ရှိပါတယ်။ ဒါဟာ ကျွန်တော့် သေနတ်မဟုတ်ပါဘူး” ဟု အက်ဇဲလ်ရို့စ်က ပြောကြားသည်။
အဆိုပါ သေနတ်သည် အဖွဲ့ဝင်များပိုင်ဆိုင်သည့် သေနတ်မဟုတ်ကြောင်း Guns N’ Roses အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
“ဇူလိုင် ၁၅ ရက်က ဒီဖြစ်ရပ်ဖြစ်ခဲ့တယ်ဆိုတာ အမှန်ပါပဲ။ အဖွဲ့ဝင်တွေဟာ ဇူလိုင် ၁၄ ရက်က Philadelphia ကမ္ဘာလှည့်ဖျော်ဖြေပွဲပြီးလို့ နယ်စပ်ကို ဖြတ်ကျော်လာတဲ့အခါမှာ ထိန်းသိမ်းခံခဲ့ရတာပါ” ဟု ကိုယ်စားလှယ်က ပြောကြားသည်။
အက်ဇဲလ်သည် သေနတ်ပိုင်ဆိုင်မှုဖြင့် ဖမ်းဆီးခံရမှုသည် ပထမဆုံးအကြိမ် မဟုတ်ကြောင်း ၁၉၈၈ ခုနှစ်က ကနေဒါနိုင်ငံတွင် သေနတ်ပိုင်ဆိုင်မှုဖြင့် ဖမ်းဆီးခံခဲ့ရဖူးသည်။