ဆိုးလ်၊ ဇူလိုင် ၁၈ ။ ။ တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ 4 Minute အဖွဲ့ဝင်ဟောင်း HyunA သည် အင်ဒို နီးရှားနိုင်ငံ ဘာလီကျွန်းတွင် ပြုလုပ်သော Viral Fest Asia တေးဂီတဖျော်ဖြေပွဲတွင် သီဆိုဖျော်ဖြေ ကာ တေးဂီတပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။
ဖျော်ဖြေပွဲပြီးနောက် WEBTV Asia နှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် HyunA က 4 Minute အဖွဲ့ဖျက်သိမ်းပြီးခဲ့သည့်အချိန်မှစ၍ Viral Fest Asia တေးဂီတပွဲတော်သည် စင်ပေါ်တွင် ပထမဆုံး ဖျော်ဖြေခဲ့သည့်ပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
” ဒီလိုကြီးမားတဲ့ တေးဂီတဖျော်ဖြေပွဲမှာ ဖျော်ဖြေတင်ဆက်ခဲ့ရတဲ့အတွက် ကျွန်မ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်”ဟု HyunA က တွှေဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။” ကျွန်မစင်ပေါ်ကို တတ်လာတဲ့အခါ ပရိသတ်တွေက အရှေ့မှာ စုဝေးနေတယ်။ ကျွန်မနဲ့အတူ သီချင်းတွေ လိုက်ဆို ပေးတယ်။ ဒါတွေဟာ မေ့မရနိုင်တဲ့ အမှတ်တရပါပဲ” ဟု HyunA က ပြောကြားခဲ့သည်။
HyunA သည် “Roll Deep” ၊ “Change” ၊ “Bubble Pop!” ၊ “Ice Cream” နှင့် “Red” တေးသီချင်း ငါးပုဒ်ကို သီဆို ဖျော်ဖြေခဲ့သည်။