ရောမ၊ ဇူလိုင် ၁၂ ။ ။ အီတလီနိုင်ငံတောင်ပိုင်းတွင် ခရီးသည်တင်ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်ကာ လူဆယ်ဦးသေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရကြောင်း သတင်းများတွင် ဖော်ပြသည်။
ကမ်းခြေမြို့ ဘာရီနှင့် ဘာလက်တာမြို့နှစ်မြို့ ရထားသံလမ်းတစ်လမ်းတည်းပေါ် ခုတ်မောင်းလာသည့် ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မိခြင်းဖြစ်သည်။
အရေးပေါ်ဌာနက ပျက်စီးသွားသည့် ရထားတွဲများကြား ခရီးသည်များ လွတ်မြောက်ရေး ကြိုးစားလျက်ရှိနေသည်။
"လူတော်တော်များများ သေမယ်လို့ ထင်တယ်။"ဟု မီးသတ်တပ်ဖွဲ့မှူး ဇန်ဂါရိုက ပြောသည်။
အချို့သောရထားတွဲများ ဆိုးဆိုးဝါးဝါး ပျက်စီးပြီး သေဆုံးသူဦးရေထပ်တိုးလာနိုင်ခြေလည်းရှိနေသည်။
ကယ်ဆယ်လိုက်ရသူများတွင် ကလေးတစ်ဦးလည်း ပါရာ ၎င်းကို လေယာဉ်ဖြင့် ဆေးရုံအမြန်တင်ပို့ထားသည်။
ဒေသစံတော်ချိန် ၁၁ နာရီခွဲခန့်က တိုက်မှုဖြစ်ပွားခြင်းဖြစ်ပြီး ရာသီဥတုကောင်းမွန်ချိန်တွင် ယင်းသို့ တိုက်မှုဖြစ်ရခြင်းက မည်သည့်အတွက်ကြောင့် ဖြစ်ရသည်ကို သေချာမသိရသေးပေ။
ဝန်ကြီးချုပ် မတ်တီယိုရန်ဇီက မီလန်သို့ သွားရန်ရှိရာမှ ရထားတိုက်မှုသတင်းကြောင့် ခရီးစဉ်ပယ်ဖျက်ခဲ့ကာ ရောမသို့ ပြန်လာခဲ့သည်။