တိုက်စစ်မှူး အိုင်ကာဒီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်း အင်တာမီလန် အလိုရှိ

တိုက်စစ်မှူး အိုင်ကာဒီအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်း အင်တာမီလန် အလိုရှိ

ဇူလိုင် ၁၁၊ အီတလီ ။         ။ ကလပ်အသင်းအများအပြားမှ အလိုရှိနေသည့် တိုက်စစ်မှူးအိုင်ကာဒီအတွက် အင်တာမီလန်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်း ရရှိလိုကြောင်း ထုတ်ပြန်လိုက်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူးကို စပါးအသင်းနှင့် အက်သလက်တီကိုအသင်းတို့က ခေါ်ယူရန် အပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိနေကြသည်။

အိုင်ကာဒီ၏အေးဂျင့်ဖြစ်သူ ၎င်း၏ဇနီး ဝမ်ဒါအိုင်ကာဒီက ကလပ်အသင်းအများအပြားမှ အာဂျင်တိုင်းတိုက်စစ်မှူးကို စိတ်ဝင်စားနေပြီး အက်သလက်တီကိုအသင်းနှင့် ဆွေးနွေးခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။

‘အိုင်ကာဒီအတွက် အက်သလက်အသင်းရဲ့ကမ်းလှမ်းမှုကို ရခဲ့ပါတယ်။ ဒါကြောင့် အက်သလက်အသင်းဒါရိုက်တာတွေနဲ့ဆွေးနွေးခဲ့ပါတယ်။ ကမ်းလှမ်းမှုတွေအများအပြားရှိနေပေမယ့် ကျွန်မယောင်္ကျားက အင်တာကို စွန့်ခွာဖို့ ခက်နေပါတယ်။ စိတ်ဝင်စားနေတဲ့ အသင်းတွေအများအပြားရှိနေလို့ အားလုံးကို လေးလေးစားစားနဲ့ စိစစ်သုံးသပ်သွားမှာပါ’ ဟု ဝမ်ဒါက ပြောဆိုခဲ့သည်။

အိုင်ကာဒီကို အက်သလက်တီကိုအသင်းနည်းပြ ဆီမြွန်နီက အရခေါ်ယူလိုလျက်ရှိသောကြောင့် အိုင်ကာဒီမှာ အက်သလက်အသင်း၏ ယခုနှစ်အပြောင်းအရွှေ့အဓိက ပစ်မှတ်ဖြစ်သည်။

Ref: The Sun

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly