မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း ကင်တားနားအား မြောက်ကိုရီးယား လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်

မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း ကင်တားနားအား မြောက်ကိုရီးယား လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း သောမတ်စ်အိုဟေးကင်တားနားအား ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြောက်ကိုရီးယားလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် ခန့်အပ်တာဝန်ပေးကြောင်း ဇူလိုင် ၉ ရက်က အမေရိကန်သတင်းတစ်ရပ်က ဖော်ပြသည်။

အာဂျင်တီးနားရှေ့နေတစ်ဦးဖြစ်သူ ကင်တားနားအား လက်ရှိမြောက်ကိုရီးယားလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် မာဇူကီဒါရုစမန်နေရာတွင် အစားထိုးခန့်အပ်ကြောင်း ကုလသမဂ္ဂကောင်စီက အတည်ပြုသည်ဟု ဝါရှင်တန်အခြေစိုက် VOA သတင်းဌာနက ဖော်ပြသည်။

အထူးကိုယ်စားလှယ်သစ်က မြောက်ကိုရီးယား၏ လူ့အခွင့်အရေးအခြေအနေများအား စုံစမ်းစစ်ဆေးသွားရမည်ဖြစ်ကာ ၎င်း၏ တစ်နှစ်တာအတွင်း မှတ်ချက်ပြုသွားရမည်ဖြစ်သည်။

ကင်တားနားသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

ကင်တာနားနှင့်အတူ အခြားလူ့အခွင့်အရေးစောင့်ကြည့်ရေးကိုယ်စားလှယ်များအား ခန့်အပ်ခြင်းတွင် ကြိုတင်ဆွေးနွေးခြင်းမရှိဟု ဆိုကာ ရုရှနိုင်ငံက ကန့်ကွက်ခဲ့သော်လည်း ဇူလိုင် ၁ ရက်တွင် အပြီးသတ်ဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly