မော်စကိုတွင် အမေရိကန်သံတမန်တစ်ဦး တိုက်ခိုက်ခံရမှုကြောင့် ရုရှသံတမန်နှစ်ဦးကို နှင်ထုတ်

မော်စကိုတွင် အမေရိကန်သံတမန်တစ်ဦး တိုက်ခိုက်ခံရမှုကြောင့် ရုရှသံတမန်နှစ်ဦးကို နှင်ထုတ်

နယူးယောက်၊ ဇူလိုင် ၉ ။              ။ ရုရှနိုင်ငံ မော်စကိုမြို့တော်တွင် အမေရိကန်သံတမန်တစ်ဦး တိုက်ခိုက်ခံရခြင်းကြောင့် တုံ့ပြန်မှုအနေဖြင့် အမေရိကန်က ရုရှသံတမန်နှစ်ဦးကို ပြည်တွင်းက   နှင့်ထုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

ဇွန် ၁၇ ရက်၌ ရုရှသံတမန်နှစ်ဦးကို နိုင်ငံတွင်းက ထွက်ခွာခိုင်းခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘေးက ပြောသည်။

မော်စကိုရှိ အမေရိကန်သံရုံးအနီးတွင် ရုရှရဲတစ်ဦးက အမေရိကန်သံတမန်တစ်ဦးကို ဇွန်လအစောပိုင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒါက အကြောင်းမဲ့သက်သက် တိုက်ခိုက်ခံရခြင်းဖြစ်တယ်။”ဟု ကာဘေးက ပြောသည်။ ရုရှဖက်က ၎င်းသံတမန်သည် စီအိုင်အေအတွက် အလုပ်လုပ်နေသူဖြစ်ကြောင်း ပြောသော်လည်း သက်သေအထောက်အထားစာတမ်း ပြသရန်အတွက်မူ ငြင်းဆန်သည်။

ရုရှလုံခြုံရေးနှင့် ထောက်လှမ်းရေးဌာနများက အမေရိကန်သံတမန်များကို အနှောင့်အယှက်ပေးခြင်းများ မြင့်တက်လာကြောင်း ပြီးခဲ့သည့်လအတွင်းက အမေရိကန်တာဝန်ရှိသူများက ပြောသည်။

ရုရှဖက်က ယင်းစွပ်စွဲချက်ကို ငြင်းဆန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly