ဆိုးလ်၊ ဇူလိုင် ၂ ။ ။ “Familyhood” ဇာတ်ကားသည် ထုတ်လွှင့်ပြီး တစ်ရက်အတွင်း ကိုရီးယားရုံတင်ပြငွေဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး တစ်ရက်တည်းတွင် ပွဲဦးထွက်ပြသခဲ့သည့် “ The Hunt” ဇာတ်ကားသည် ဒုတိယနေရာတွင် ရပ်တည်နေသည်။
“ Familyhood” ဇာတ်ကားသည် စုစုပေါင်း ကြည့်ရှုသူ ၂၅၅ ၆၆၀ ရှိပြီး “ The Hunt” ဇာတ်ကားသည် ကြည့်ရှုသူ ၂၃၄၇၂၆ ရှိကြောင်း ကိုရီးယားရုပ်ရှင်ကောင်စီ (KOFIC )က ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
ဇူလိုင် ၁ ရက်နံနက်က “ Familyhood” နှင့် “ The Hunt” ဇာတ်ကားတို့သည် ပြည်တွင်းတွင် လက်မှတ်ရောင်းချရငွေ စုစုပေါင်း၏ ၂၀ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၁၉ ဒသမ ၇ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြောင်း KOFIC တွင် ဖော်ပြထားသည်။
“ Familyhood” ဇာတ်ကားသည် ဒါရိုက်တာ ကင်ထယ်ဂွန်၏ ပထမဆုံး စီးပွားဖြစ် ရုပ်ရှင်ဖြစ်သည်။ ယင်းဇာတ်ကားသည် ဟာသအဖြစ်အပျက်များကို ပုံဖော်ရိုက်ကူးထားပြီး နာမည်ကျော်ကြားသော ကိုရီးယားမင်းသမီးများသည် မိသားစုဘဝကို တည်ထောင်ခြင်းဖြင့် ၎င်း၏ဘဝကို ရှောင်ရှားရန် ကြိုးပမ်းသည့်အကြောင်းကို ပုံဖော်ရိုက်ကူးထားသည်။
ဒါရိုက်တာ လီဝူချဲလ်ရိုက်ကူးသော “ The Hunt” ဇာတ်ကားသည် ကျေးလက်ဒေသတွင် ရွှေတွင်းရှာဖွေမှုကို အရင်းခံ ဖြစ်ပေါ်လာသော ပဋိပက္ခအကြောင်းကို ရိုက်ကူးထားသည့် သည်းထိတ်ရင်ဖို အက်ရှင်ကား ဖြစ်သည်။