ပိုလန်က ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ကွာတားဖိုင်နယ်တက်

ပိုလန်က ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရပြီး ကွာတားဖိုင်နယ်တက်
(ဓာတ်ပုံ - အီးပီအေ)

ယူရို ၂၀၁၆ ပြိုင်ပွဲ (၁၆) သင်း အဆင့် ရှုံးထွက်ပွဲစဉ်တွေရဲ့ ပထမဆုံးပွဲမှာ ပိုလန်က ဆွစ်ဇလန်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိပြီး နောက်တစ်ဆင့် ကွာတားဖိုင်နယ်မှာ ခရိုအေးရှား သို့မဟုတ် ပေါ်တူဂီနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ပိုလန်အသင်းက (၃၉) မိနစ် ဘလက်ဇီကောစကီးရဲ့ အဖွင့်ဂိုးနဲ့ ပွဲကို ဦးဆောင်နေခဲ့ပြီး ပွဲချိန် (၈၂) မိနစ်အရောက်မှာ ဆွစ်ဇလန်အတွက် ချေပဂိုးကို ရှာကီရီ က သွင်းပေးခဲ့တာကြောင့် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ပုံမှန် ပွဲချိန်နဲ့ အချိန်ပိုအတွင်း အနိုင်ရလဒ် အဖြေမပေါ်နိုင်တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ရယူခဲ့ကြပါတယ်။

ပင်နယ်တီကန်သွင်းကြရာမှာတော့ ပိုလန်က အမှားအယွင်းမရှိခဲ့ပဲ အာဆင်နယ်အသင်းက အသစ်ခေါ်ယူထားတဲ့ Xhaka က ဆွစ်ဇလန်အတွက် ပင်နယ်တီ ကန်သွင်းရာမှာ လွှဲချော်ခဲ့တာဖြစ်လို့ (၄-၅) နဲ့ ဆွစ်ဇလန်တို့ ရှုံးနိမ့်ခဲ့ပါတယ်။
 
ပင်နယ်တီကန်သွင်းမှုရလဒ်
ဆွစ်ဇလန် Lichtsteiner (ဂိုး)၊ Xhaka (မဝင်) ၊ Shaqiri (ဂိုး)၊ Schär (ဂိုး)၊ Rodríguez (ဂိုး)

ပိုလန်
Lewandowski (ဂိုး)၊ Milik (ဂိုး)၊ Glik (ဂိုး)၊ Błaszczykowski (ဂိုး)၊ Krychowiak (ဂိုး)

အချိန်ပို (၃၀) မိနစ်နဲ့  ပုံမှန် မိနစ် (၉၀) ရလဒ်
ဆွစ်ဇလန် ၁-၁ ပိုလန်
ရှာကီရီ (၈၂ မိနစ်) | ဘလက်ဇီကောစကီး (၃၉ မိနစ်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly